စိန်ရတနာ ကျောင်းဆောင်သစ်ဖွင့်လှစ် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများ တက်ရောက် အားပေး

မန္တလေး  ဧပြီ ၂၄

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၂၈×၆၈ လမ်းထောင့်ရှိ အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်းတွင် “စိန်ရတနာကျောင်းဆောင်သစ်” ဖွင့်ပွဲအခမ်းအနား ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပ်ကျောင်းဆောင်သစ်ရှိတွင် ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်းသင်းဝေ၊ လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး နေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံ ဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ ​လူမှုရေးရာဝန်ကြီး  ဦးအောင်ကျော်မိုး၊ လမ်းပန်းဆက်သွယ်​ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ဥပဒေချုပ် ဦးမြင့်​အောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးပညာရေးမှူး ဦးကျော်မိုးထွန်းတို့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်၊ ကောလိပ်များမှ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများ၊ လူရည်ချွန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးမှ မျိုးဆက်သစ် လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်သူဆရာ၊ ဆရာမများ၊ ကျောင်းအုပ်ကြီး ဒေါက်တာသန်းထိုက်စိုးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကံထူးကံမြတ်ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ဦးနေလင်းထွန်းနှင့် တာဝန်ရှိသူများ၊ စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ကြသည်။

အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လူမှုရေးဝန်ကြီး၊ တိုင်းဒေသကြီး ပညာရေးမှူး၊ ကန်ထရိုက်တာ ဦးနေလင်းထွန်းနှင့် ကျောင်းအုပ်ကြီးတို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းကြေးပြားအား အမွေးနံ့သာရည်များ ပက်ဖြန်း ပေးကြသည်။

အဆိုပါကျောင်းဆောင်သစ်အား နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေ (၄၃၉၄၅၆၀၀၀)ကျပ်ဖြင့် ကံထူးကံမြတ်ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်က ၆.၈.၂၀၂၃ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ကာ ၂၀.၄.၂၀၂၄ ရက်နေ့တွင် ပြီးစီးကြောင်း၊ ကျောင်ဆောင်သစ်သည်  အလျား ၁၀၀ × အနံ ၃၀ ပေ RCC အမျိုးအစား သုံးထပ်ကျောင်းဆောင်ဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်-စံ၊ပြန်/ဆက်)