သတင်းများ

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် သောက်သုံးရေ လိုအပ်မှုမရှိစေရေး သောက်သုံးရေများ လှူဒါန်းပေး
Apr 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ ပူပြင်းခြောက်သွေ့သော နွေရာသီကာလတွင် သောက်သုံးရေများ လိုအပ်မှုမရှိစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံနက် (၉) နာရီက အမှတ် (၁၇) ရပ်ကွက်သို့ ရေဂါလံ(၅၀၀၀) သွားရောက်လှူဒါန်း‌ပေးကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
ပုဂံလူရည်ချွန်စခန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြီး လူရည်ချွန်ကျောင်းသား/ကျောင်းသူများ သမိုင်းအထင်ကရဘုရားများ ဖူးမြော်လေ့လာ
Apr 29,2024
ပုဂံလူရည်ချွန်စခန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ အောင်မြေသာရပ်ရှိ ပုဂံလူရည်ချွန်စခန်း မုခ်ဦးရှေ့၌ ကျင်းပသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ နွေရာသီကျောင်းပိတ်ရက် သင်တန်းမျိုးစုံ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိ
Apr 29,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် ကာလအချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် သက်ဆိုင်ရာကျောင်းများတွင် သင်တန်းမျိုးစုံဖွင့်လှစ် သင်ကြားပို့ချပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၁)နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
Apr 28,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ဘောလုံးဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၁) နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ (၃) နာရီတွင် ပြည်နယ်ဘောလုံးကွင်းအတွင်း ကျင်းပပြုလုပ်သည်။
မင်္ဂလာဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ (၂၀၂၄-၂၀၂၅) မိုးစပါးရာသီတွင် Seeder စနစ်ဖြင့် အစားထိုး စိုက်ပျိုးပေးနိုင်ရန် တောင်သူများအား အသိပညာပေးရှင်းလင်း
Apr 28,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ (၂၀၂၄-၂၀၂၅) မိုးစပါးရာသီတွင် လမ်းဘေးဝဲ/ယာမှ ကြဲခင်းနေရာများတွင် Seeder (စပါးမျိုးစေ့တိုက်ရိုက်ချကိရိယာ)စနစ်ဖြင့် အစားထိုးစိုက်ပျိုးရေးနှင့်ပတ်သက်၍ တောင်သူများအား အသိပညာပေးရှင်းလင်းခြင်းကို အဆိုပါရုံး၌ ဧပြီလ(၂၆)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သည်။
ကျိုက်လတ်၌ ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနား (၂၀၂၄)ကျင်းပ
Apr 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးပြီးမိခင်နှင့် မွေးကင်းစမှ အသက် (၅) နှစ်အထိ ကလေးများအား ကျန်းမာသန်စွမ်းစေရေးနှင့် အသက်ရှည်စွာ နေထိုင်နိုင်ရေးအတွက် “ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနား (၂၀၂၄)”ကို ယနေ့နံနက် (၉)နာရီက ကျိုက်လတ်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကျိုက်မရောဒေသထွက် ကြက်မောက်သီးများ စတင်ထွက်ရှိနေပြီး စျေးကောင်းရရှိ
Apr 28,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ နတ်စမ်းကျေးရွာတွင် ယိုးဒယားကြက်မောက်သီးမျိုးများ စတင်ထွက်ရှိနေပြီး စျေးကောင်းရရှိရန် ခြံရှင်များ မျှော်လင့်လျက်ရှိကြောင်း သိရသည်။
မြောင်းမြမြို့တွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၁/၂၀၂၄) ဆင်းပွဲ အခမ်းအနားကျင်းပ
Apr 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ ကညင်ချောင်းကျေးရွာ မြစိမ်းရောင်တောင်တော်သာသနာ့ နယ်မြေ၌ မြို့နယ်ကြက်ခြေနီအသင်းခွဲ အလုပ်အမှုဆောင် အဖွဲ့က ကြီးမှူး၍ ကျန်းမာရေး မြှင့်တင်ရန်၊ ရောဂါဘေးတားဆီးရန်နှင့် ဘေးဒုက္ခကျရောက် နေသူများကို ကူညီပေးနိုင်ရန် ရည်ရွယ်၍ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၁/၂၀၂၄) ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။