သတင်းများ

ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ဥပဒေရေးရာနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jun 21,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေရေးရာဟောပြောခြင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းတို့ကို တာဝန်ရှိသူများပူးပေါင်း၍ ယနေ့နံနက်က အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြိတ်မြို့တွင် ဆလုံ(မော်ကယ်)တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားစာပေ ဆရာဖြစ်သင်တန်းနှင့် ရိုးရာအကသင်တန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Jun 21,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ဆလုံ(မော်ကယ်)တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားစာပေ ဆရာဖြစ်သင်တန်းနှင့် ရိုးရာအကသင်တန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မှ ၂၂ ရက်နေ့ အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယ‌နေ့ နံနက် ၉ နာရီအချိန်က မြိတ်မြို့၊ ပုလဲရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ်တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့ အထိမ်းအမှတ်အဖြစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က၊ ကြံခင်းမြို့နယ်၊ မြောက်မြန်အောင်ကြိုးဝိုင်း၊ အကွက်အမှတ် (၁၇) တွင် ကျင်းပပြုလုပ်သည်။
ကြံခင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများ စတင်ထုတ်ပေး
Jun 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများကို ယနေ့နံနက်(၆)နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မအူချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကျင်းပ
Jun 21,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှကြီးကြပ်၍ လှော်ကားငါးလုပ်ငန်းစခန်းနှင့် လေးထောင့်ကန်ငါးလုပ်ငန်းစခန်းတို့မှ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၇)လမ်းမအနီး၊ ထောင်တလုတ်ပိုင်၊ ဘဲတန်းတံတား၊ မအူချောင်းအတွင်းသို့  ငါးမျိုးစိုက်ထည့်ပေးခြင်းအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ရွာသာကြီးစက်မှုဇုန်၌ စက်မှုဇုန်အလုပ်သမားများနှင့် ပြည်သူ ၁၁၂၀  ဦးအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး  Pfizer Vaccine ထိုးနှံပေး
Jun 21,2024
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ကာကွယ်ဆေးထိုးနှံခြင်းကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် မြို့နယ်ဆေးရုံ၌ ထိုးနှံပေးခြင်းအပြင် စက်မှုဇုန်များတွင်လည်း ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်
Jun 21,2024
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့တို့ပူးပေါင်းပြီး စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ “အောင်မြင်ခြင်းရဲ့ အုတ်မြစ်” စာအုပ်ကို လေ့လာဖတ်ရှု၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ပခုက္ကူခရိုင်အဆင့် အမျိုးသမီးကော်မတီ(၁/၂၀၂၄)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 21,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် အမျိုးသမီးကော်မတီ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ (၂) ခန်းမ၌ ကျင်းပပြုလုပ်သည်။