ပင်လောင်းမြို့နယ်၌ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် ကျေးငှက်တိရိစ္ဆာန်များ ပေါများရေးအတွက် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 22,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဘုရားဖြူကျေးရွာအုပ်စု၊ မီးသွေးချောင်းကျေးရွာအနီး လှည်းကုန်း-မီးသွေးချောင်း-အင်းတိန်သွား ဂျာမနီကားလမ်းဘေးတွင် ပင်လောင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် ကျေးငှက်တိရိစ္ဆာန်များပေါများပြီး ရာသီဥတုကောင်းမွန်လာစေရေးအတွက် သစ်ပင်ပျိုးပင်ပေါင်း (၁၀၀၀)ပင်ကို ယနေ့နံနက် ၉ နာရီအချိန်တွင် စိုက်ပျိုးခဲ့သည်။