မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးကော်မတီ(၁/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်
Jul 10,2024
မွန်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးကော်မတီ(၁/ ၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်တွင် ကလေး၊ သူငယ်တွေတိုက်ရိုက်အကျိုးဖြစ်ထွန်းစေသည့် လုပ်ငန်းများကို တစ်စိုက်မတ်မတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးသူငယ်များ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်စေရေး၊ အခွင့်အရေးတွေရရှိစေရေး၊ ကျွမ်းကျင်မှုနှင့် အလုပ်အကိုင်ရရှိမှု မြှင့်တင်ပေးနိုင်ရေးကို ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ကော်မတီအနေနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေမှုဆိုသည့် စိန်ခေါ်မှုများမှာ ကလေးအလုပ်သမားအရေးကိစ္စဟာ တစ်ခုအပါအဝင်ဖြစ်တာကြောင့် ပြည်နယ်အတွင်းရှိ စက်မှုကုန်ထုတ်ကဏ္ဍ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကဏ္ဍများမှာ ကလေးအလုပ်သမားများ လျော့နည်းပပျောက်ဖို့ အလေးထားကြပ်မတ်ဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားသည်။