သတင်းများ

လှည်းကူးမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Jul 10,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက လှည်းကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် စက်ရုံ၊ အလုပ်ရုံများတို့တွင် ကွင်းဆင်း၍ ဆက်လက်ဆောင်ရွက်ကြောင်း သိရသည်။
နတ်တလင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး
Jul 10,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူ​လေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ၊ အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ယ​နေ့နံနက် ၉ နာရီချိန်က အ.မ.က(သရက်တပင်)ကျောင်း၌ ပြုလုပ်ခဲ့သည်။
ရွှေပြည်သာမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆက်လက်ကွင်းဆင်းဆောင်ရွက်
Jul 10,2024
ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းကရွှေပြည်သာ မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ အဖွဲ့ခွဲကာ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့ ကမ်းနားလမ်း၊ သံလွင်မြစ်ကမ်းဘေးတစ်လျှောက် စွန့်ပစ်အမှိုက်များစုပေါင်းသန့်ရှင်းပွဲ ကျင်းပ
Jul 10,2024
မွန်ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်မှုဖြင့် မော်လမြိုင်မြို့၊ ကမ်းနားလမ်းသံလွင်မြစ်ကမ်းဘေးတစ်လျှောက် သန့်ရှင်းသာယာလှပစေရေးနှင့် ပလပ်စတစ်စွန့်ပစ်အမှိုက်များ ပင်လယ်အတွင်း မျောပါမှုမရှိစေရေးအတွက် စုပေါင်းရှင်းလင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
​ ဖြူးမြို့နယ်၊ ဦးကြူးစုကျေးရွာလယ်ယာလုပ်ငန်းခွင်သုံး ကုန်ထုတ်လမ်းဘေးတွင် သီးပင်စားပင်နှင့် အရိပ်ရပင်များ စုပေါင်းစိုက်ပျိုး
Jul 10,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဦးကြူးစုကျေးရွာ လယ်ယာလုပ်ငန်းခွင်သုံး ကုန်ထုတ်လမ်းဘေးတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြည်ရေးနှင့်ကျေးရွာနေ ပြည်သူများ ခူးယူစားသုံးနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးရွာလမ်းကော်မတီဝင်များနှင့် ကျေးရွာနေပြည်သူများစုပေါင်း၍ ယမန်နေ့နံနက်ပိုင်းက  သီးပင်စားပင်နှင့် အရိပ်ရပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်(အ.ထ.က)ကော့ကရင်ကျောင်း၌ ခွေးရူးရောဂါအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေး
Jul 10,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ကော့ကရင်ကျေးရွာ အခြေခံပညာအထက်တန်း‌ကျောင်း၌ ခွေးရူးရောဂါအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း ပြုလုပ်ခဲ့ကြသည်။
ဘုတ်ပြင်းမြို့၌ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာတောင်သူများအား မျိုးစပါး၊ ကွန်ပေါင်းဓာတ်မြေဩဇာ၊ သဘာဝဓာတ်မြေ ဩဇာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ
Jul 10,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်အတွင်းမြို့နယ်များရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ တောင်သူများ နှင့်မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်မည့်အကျိုးဆောင်တောင်သူများအတွက် မျိုးစပါး၊ ကွန်ပေါင်းဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ဘုတ်ပြင်းမြို့ သပြေခန်းမ၌ ကျင်းပသည်။
ပလောက်မြို့၊ အမှတ် (၁) ရပ်ကွက်၊ အ.ထ.က (ပလောက်) ကျောင်း၌ ကျန်းမာရေးအသိပညာပေး ဆောင်ရွက်
Jul 10,2024
ကျောင်းသား/ကျောင်းသူလေးများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သောလူနေမှုစနစ်ပုံစံများ သိရှိစေပြီး ကျန်းမာရေးအဆင့်အတန်း တိုးတက်စေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်၊ အ.ထ.ကပလောက်ကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။