ကော့သောင်းမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်

ကော့သောင်း ဇူလိုင် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန် လူငယ်‌ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲများပြသခြင်းကို ယနေ့နံနက်ပိုင်းအချိန်က သီရိမြိုင်ရပ်ကွက် အ.လ.က (ခွဲ) (၃)မိုင်ကျောင်းတွင်ပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက ကျောင်းသား၊ ကျောင်းသူ၊ လူငယ်တို့သည် အနာဂတ်တွင် တိုင်းပြည်တာဝန်ကို လက်ဆင့်ကမ်းရမည်ဖြစ်ရာ ငယ်ရွယ်စဉ်ကာလမှစ၍ အသိပညာဗဟုသုတများသိုမှီးရမည် ဖြစ်ကြောင်းနှင့်" ကာယ၊ ဉာဏ၊ ဘောဂ၊ မိတ္တ၊ စာရိတ္တ"ဟူသည့် ဗလ(၅)တန်ဖွံ့ဖြိုးရန်အတွက် အကျိုးရှိမည့် စာအုပ်၊ စာပေများ ရွေးချယ်ဖတ်ရှုရမည်ဖြစ်ကြောင်း စသည်ဖြင့် စာဖတ်ခြင်း အလေ့အထကောင်းများဖြစ်စေရန် အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးနိုင်ကျော်ဝင်းက လူငယ်များအနေနှင့် အသက်အရွယ်အလိုက်ကစားသင့်သည့် အားကစားများ၊ နည်းမှန်စနစ်မှန် ကစားရန်လိုအပ်သည့်အချက်များ၊ ယခုနှစ်ကျောင်းဖွင့်ရာသီတွင် ကျင်းပပြုလုပ်‌ပေးသွားမည့် အားကစားပြိုင်ပွဲအမျိုးအစားများအကြောင်း အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာဇာနည်နေ့အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများနှင့် ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာအသိပညာ‌ ပေးနံရံစာစောင်များ၊ ဓာတ်ပုံများပြသထားရာ ကျောင်းသား/သူများစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)