ရွှေပြည်သာမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆက်လက်ကွင်းဆင်းဆောင်ရွက်

ရွှေပြည်သာ  ဇူလိုင်  ၁၀

ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရွှေပြည်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ အဖွဲ့ခွဲကာ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ‌လူစည်ကားသည့် ဈေးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်‌ကျောင်းများ၊ အ‌ခြေခံပညာကျောင်းများတွင် ပြင်းထန်ဝမ်းပျက်လျှော ရောဂါအကြောင်း အသိပညာပေးကာ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကလိုရင်းဆေးခပ်ခြင်း၊ ထုံးဖြူးခြင်း တို့ကို မြို့နယ်စီမံအုပ်‌ရေးအဖွဲ့များ၊ ကျန်းမာ‌ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာ‌ရေးကော်မတီဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီး‌ရေးရာအဖွဲ့များ၊ မြို့နယ်မိခင်နှင့်ကလေးအသင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်‌ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များဖြင့်ပူးပေါင်း၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)