ပလောက် ဇူလိုင် ၁၀
ကျောင်းသား/ကျောင်းသူလေးများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သောလူနေမှုစနစ်ပုံစံများ သိရှိစေပြီး ကျန်းမာရေးအဆင့်အတန်း တိုးတက်စေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်၊ အ.ထ.ကပလောက်ကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပလောက်မြို့၊ အမှတ် (၁) ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဌာနမှ ဆရာမ ဒေါ်အိအိလွင်နှင့် ဝန်ထမ်းများက ကျောင်းဆရာမများနှင့် ကျောင်းသား/ကျောင်းသူလေးများအား ကိုယ်အလေးချိန်ပေးခြင်း၊ စနစ်တကျသွားတိုက်နည်း၊ သွားနှင့်ခံတွင်းဆိုင်ရာရောဂါများအား ပြောကြားခဲ့ပြီး တစ်ကိုယ်ရေကျန်းမာရေးစစ်ဆေးခြင်းနှင့် စနစ်တကျသွားတိုက်နည်းကို လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)