​ ဖြူးမြို့နယ်၊ ဦးကြူးစုကျေးရွာလယ်ယာလုပ်ငန်းခွင်သုံး ကုန်ထုတ်လမ်းဘေးတွင် သီးပင်စားပင်နှင့် အရိပ်ရပင်များ စုပေါင်းစိုက်ပျိုး

ဖြူး ဇူလိုင် ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဦးကြူးစုကျေးရွာ လယ်ယာလုပ်ငန်းခွင်သုံး ကုန်ထုတ်လမ်းဘေးတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြည်ရေးနှင့်ကျေးရွာနေ ပြည်သူများ ခူးယူစားသုံးနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးရွာလမ်းကော်မတီဝင်များနှင့် ကျေးရွာနေပြည်သူများစုပေါင်း၍ ယမန်နေ့နံနက်ပိုင်းက  သီးပင်စားပင်နှင့် အရိပ်ရပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ထိုသို့စိုက်ပျိုးရာတွင် ဦးကြူးစုကျေးရွာရှိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဧက (၈၀၀)မှ ထွက်ကုန်များ သယ်ယူပို့ဆောင်နိုင်ရေး ဆောင်ရွက်ထားသည့်လမ်းအရှည် (၀/၅.၆) မိုင်၊ အကျယ် (၁၄)ပေ ရှိ ကုန်ထုတ်လမ်း၏ ဘေးနှစ်ဘက်တွင် ပေါက်ပန်းဖြူပျိုးပင် (၁၀၀)ပင်၊ သခွက်ပျိုးပင် (၁၀၀)ပင်၊ ကြောင်လျှာပျိုးပင် (၁၀၀)ပင်၊ ဒန့်ဒလွန်ပျိုးပင် (၁၀၀)ပင်၊ သရက်ပျိုးပင်( ၅၀)ပင် စုစုပေါင်း(၄၅၀)ပင်အား စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)