သံတောင်ကြီးမြို့နယ်တွင် ကွမ်းသီးနုများဝယ်လိုအားကောင်းပြီး ကွမ်းသီးခြောက်များထက်ပိုမို ဈေးကောင်းရရှိ
Jul 23,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီးဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြင့် ဉယျာဉ်ခြံစိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ ကွမ်းသီးစိုက်ပျိုးလုပ်ကိုင်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ကွမ်းသီးများသည် နှစ်ရှည်သီးနှံပင် တစ်မျိုးဖြစ်ပြီး ဆောင်းတွင်းအချိန် ကွမ်းသီးများရင့်မှည့်မှသာ ခူးယူလုပ်ကိုင်ရောင်းချကြသော်လည်း ယခုဇူလိုင်လတွင် ကွမ်းသီးနုများဝယ်လိုအားကောင်းပြီး ကွမ်းသီးခြောက်များ ထက်ပိုမိုဈေးကောင်း ရရှိခြင်းကြောင့် ကွမ်းသီးစိုက်ပျိုးလုပ်ကိုင်သူတောင်သူများက ကွမ်းသီးနုများ ခူးယူရောင်းချကြကြောင်း သိရသည်။