လဲချား ဇူလိုင် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ခေတ္တနေရပ်စွန့်ခွာပြည်သူများအား ရှမ်းပြည်နယ်အခြေပြု ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ လူမှုကူညီရေး(SSOR)အဖွဲ့မှ တာဝန်ရှိသူများက အလှူငွေများကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် လာရောက်လှူဒါန်းခဲ့ပကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ရှမ်းပြည်နယ် အခြေပြု လူမှုကူညီရေး(SSOR)အဖွဲ့မှ တာဝန်ရှိသူများက မိမိတို့အဖွဲ့မှ လဲချားမြို့တွင် အခြေပြု၍ ခေတ္တ နေရပ်စွန့်ခွာပြည်သူများအား ကူညီစောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ၄င်းပြည်သူများအတွက် အရေးပေါ်ကိစ္စရပ်များတွင် အသုံးပြုရန် အလှူငွေကျပ်သိန်း (၅၀)ကိုလည်းကောင်း၊ သွေးလှူရှင်အသင်းအား ကျပ်(၅)သိန်းကိုလည်းကောင်း၊ ဂရုဏာရှင်နာရေးကူညီမှုအသင်းအား ကျပ် (၅)သိန်းကိုလည်းကောင်း၊ စုစုပေါင်းကျပ်သိန်း (၆၀)အား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက အသီးသီး လက်ခံခဲ့ကြောင်း သိရှိရသည်။
လဲချား (မြို့နယ်၊ ပြန်/ဆက်)