ကျောက်ဆည် ဇူလှိုင်၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အင်ရောင်းကျေးရွာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၌ အင်ရောင်းကျေးရွာတွင် (VDP) စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းပေးလျက်ရှိကြောင်း သိရသည်။
အင်ရောင်းကျေးရွာ၌ (VDP) စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းပေးရာတွင် နိုင်ငံတော်မှ ခွင့်ပြုငွေကျပ်သိန်း(၁၀၀)နှင့် ပြည်သူထည့်ဝင်ငွေ(လုပ်အား)များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျေးရွာပြည်သူများ တန်ဖိုးထားစောင့်ရှောက်တတ်စေရန်၊ ပြည်သူများ ပူးပေါင်းပါဝင်ပြီး စုပေါင်းလုပ်ဆောင်ရွတ်တတ်စေရန် ကျေးရွာကွန်ကရစ်လမ်း လမ်းဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းကာ ရွာတွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းများ သတ်မှတ်ချိန်အတွင်း အရည်အသွေးကောင်းမွန်စွာဖြင့် ဆောင်ရွက်နိုင်ရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်လျက်ရှိကြောင်း သိရသည်။
ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပြီးပါက အင်ရောင်းကျေးရွာသည် မြို့ပြနှင့်မခြား ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်းနှင့် ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူလာမည်ဖြစ်ကြောင်းနှင့် လူနေမှုစနစ်များလည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)