အ.ထ.က(၁) အလုံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နည်လှည့်စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

အလုံ ဇူလိုင် ၂၃

ကျောင်းသားလူငယ်များအနေဖြင့် စာပေနှင့်ရင်းနှီးပြီး စာဖတ်သည့်အလေ့အထများရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်စေရန်အတွက်ရည်ရွယ်ကာ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက် ၁၀ နာရီက အလုံမြို့နယ် အမှတ်()အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်တာဝန်ခံ ဒုတိယဦးစီးမှူးက စာဖတ်ခြင်း၏အကျိုးကျေးဇူများ၊ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများအကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စာကြည့်တိုက်အသင်းဝင်ကတ်များ ပြုလုပ်ပေးခြင်း၊ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း၊ ကွမ်း၊ ဆေးလိပ်အန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းများကို ဆောင်ရွက်ခဲ့သည်။

ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ အမှတ်(၂၃-G) အလုံလမ်းရှိ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းဖတ်ရှုနိုင်ကြောင်းနှင့် အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အခြေခံပညာကျောင်းများသို့ကွင်းဆင်း၍ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများကို လစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)