သရက် ဇန်နဝါရီ ၁၈
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်များအတွင်းရှိ မီးသတ်ရေကန်များအား ရေဖြည့်ခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းများ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေဖြိုးအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် သရက်မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်းမှ မီးသတ်ရေကန်များတွင် မီးသတ်ရေယာဉ်ဖြင့် လှည့်လည်ရေဖြည့်တင်းခြင်းလုပ်ငန်းများနှင့် ရုံးဌာနများ၊ ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများနှင့် မီးသတ်းဆေးဗူး ကိုင်တွယ်အသုံးပြုပုံများကို လက်တွေ့ပြသမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)