ဟိုပုံးမြို့နယ်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ရန်ပုံငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ဟိုပုံး ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း လေပြင်းဘေးဒဏ်ပိုမိုခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေရေး အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းအစီအစဉ်အရ ရန်ပုံငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ  ၂ နာရီအချိန်က မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေဇင်ဝင်းအောင်က လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ရန်ပုံငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း လေပြင်းဘေးကာကွယ်ရေး စီမံချက်အရ ဟိုပုံးမြို့နယ်ရှိ နေအိမ် (၄၀၀) လုံးအတွက် မွမ်းမံပြင်ဆင်ရေး လုပ်ငန်းများဆောင်ရွက်ရန် နေအိမ် (၁) လုံးလျှင် ငွေကျပ် (၆၃၀၀၀) နှုန်းဖြင့် နေအိမ် (၄၀၀) လုံးအတွက် စုစုပေါင်းငွေကျပ် (၂၅၂၀၀၀၀၀) ပေးအပ်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြပြီး အဆိုပါ ကျေးရွာများမှာ တောင်ရပ်ကွက် နေအိမ် (၁၁၅) လုံး၊ မြို့ဦးရပ်ကွက် (၄၆) လုံး၊ ကုန်းကျိုင်းကျေးရွာအုပ်စု နေအိမ် (၄၂) လုံး၊ ပေါင်လင်းကျေးရွာအုပ်စု နေအိမ် (၅၆) လုံး၊ လွယ်အွန့်ကျေးရွာအုပ်စု (၅၃) လုံး၊ စံဖူးကျေးရွာအုပ်စု (၅၀) လုံး၊ စငေါကျေးရွာအုပ်စု (၃၈) လုံး စုစုပေါင်းနေအိမ် (၄၀၀) လုံးတို့ကို လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ရန်ပုံငွေပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)