သတင်းများ

လှိုင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်တွင် နှစ်(၆၀) မြေငှားဂရန်စာရွက်စာတမ်းများ စိစစ်ရေးကိစ္စ ဆောင်ရွက်
Aug 05,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၌ နှစ် (၆၀) မြေငှားဂရန်ရရှိ​ရေး စာရွက် စာတမ်းများ စိစစ်​ဆောင်ရွက်မှုများအား ယနေ့ နံနက် ၉:၀၀နာရီ အချိန်ကစတင်ဆောင်ရွက်ခဲ့ကြပါသည်။
ကျုံ​ပျော်၌ ကိုဗစ် - ၁၉ ၏ စီးပွား​ရေး ထိခိုက်မှုသက်သာ​ရေးစီမံချက်အရ ကျွဲ၊ နွားမွေးမြူ ထုတ်လုပ်နည်း သင်တန်းဖွင့်လှစ်
Aug 05,2020
ကိုဗစ် - ၁၉ ​ကန့်သတ်ကာလ ​ဖြေ​လျှော့မှုများတွင် ​မွေးမြူ​ရေးလုပ်ငန်းများ ပြန်လည်ဦး​မော့ ဆောင်ရွက်နိုင်ရန်အတွက် ကိုဗစ် -၁၉ ၏ စီးပွား​ရေးထိခိုက်မှု သက်သာ​ရေးစီမံချက် (CERP)အရ ဖွင့်လှစ်​သော ကျွဲနွားမွေးမြူထုတ်လုပ်ခြင်း သင်တန်းကို ကျုံ​ပျော်မြို့နယ်၊ ဒိုက်ပျက်အုပ်စု၊ ကွင်းပြား​ကျေးရွာ၌ ယမန်နေ့တွင် အသိပညာဆောင်ရွက်ခဲ့ကြောင်းသိရသည်။
​မယ်စဲ့မြို့နယ်ရှိ ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် မဲစာရင်းလာရောက် ကြည့်ရှုရေးအသိပေးနှိုးဆော်
Aug 05,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် ​ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာမှုအား ကြည့်ရှု စစ်ဆေးခြင်းနှင့် မဲဆန္ဒရှင်စာရင်းတွင် မိမိအမည် ပါ/မပါ မဲစာရင်းများ လာရောက်ကြည့်ရှုရေး အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်
Aug 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်၊ ရေမြောင်းအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန်နှင့် ခြင်များ ပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ မိုးရာသီကာလအတွင်း ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ကျောက်တန်းမြို့နယ် ဘန့်ဘွေးကုန်းဆည်နှင့် စပါးစိုက်ခင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
Aug 05,2020
စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျောက်တန်းမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနက ငါးသယံဇာတ ဖွံ့ဖြိုးတိုးတက်စေရေး၊ ငါးမျိုးပြုန်းတီးမှု မရှိစေရေးနှင့် စားသုံးမှု ဖူလုံစေရေးတို့အတွက် ရည်ရွယ်၍ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ဘန့်ဘွေးကုန်းဆည်နှင့် စပါးစိုက်ခင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့တွင် လင်းနို့ဂူ ဩဂဲနစ်သဘာဝမြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ ပြုလုပ်
Aug 05,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ဒေသနေပြည်သူများ စိုက်ပျိုးရေးအကြောင်း သိကောင်းစေရန်၊ စပါးအထွက်နှုန်းတိုး တက်စေရန်
မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေ ကျပ်သိန်း(၆)ထောင်ကျော် ထုတ်ချေးပြီးဖြစ်
Aug 05,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၀ပြည့်နှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို မေလ၁၆ရက်နေ့မှ စတင်၍ လယ်တစ် ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှင့် ယာတစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ထုတ်ချေးခဲ့ရာ တောင်သူ (၁၅၄၉) ဦး အတွက် ကျပ်သိန်း(၆)ထောင်ကျော် ထုတ်ချေးနိုင်ခဲ့ကြောင်းသိရသည်။
နမ္မတူမြို့နယ်၊ ဘော်တွင်းကျေးရွာအနီးရှိ ရုရှားတောင်သို့ သွားရောက်လည်ပတ်သူများဖြင့် ပိုမိုစည်ကားလျက်ရှိ
Aug 05,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ဘော်တွင်းကျေးရွာအနီးရှိ ရုရှားတောင်သို့ ရပ်ဝေး/ရပ်နီး လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။