မချမ်းဘော့ ဩဂုတ် ၅
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် မြို့နယ်ပညာရေးရုံး ဝန်ထမ်းအိမ်ရာသစ် အဆောက်အအုံဖွင့်ပွဲကို ယနေ့နံနက် ၁၁ နာရီတွင် အဆိုပါပညာရေးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဝန်ထမ်းအိမ်ရာအဆောက်အအုံသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘတ်ဂျက်ရန်ပုံငွေ ကျပ်သန်း ၆၁.၄၄၀ ဖြင့် ပေ ၈၀×၃၀ Steel structure အမျိုးအစား ၄ ခန်းတွဲကို ဖေဖော်ဝါရီလ ၄ ရက်နေ့ လုပ်ခွန်ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ပညာရေးရုံးဝန်ထမ်းအိမ်ရာသစ် ဖွင့်ပွဲကို ဓမ္မအမှုတော်ဆောင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဝန်ထမ်းများ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြောင်း သိရသည်။
ခွန်လင်းဦး(မြို့နယ်ပြန်/ဆက်)