ဟင်္သာတမြို့နယ် ယုန်သလင်းတိုက်နယ်၌ (ပထမ)အကြိမ်ကြေညာထားမူ မြို့နယ်ကော်မရှင် အဖွဲ့ခွဲဝင်များ ကွင်းဆင်းစစ်ဆေး

ဟင်္သာတ ဩဂုတ် ၅

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် အခြေခံမဲစာရင်းများအား ယုန်သလင်းတိုက်နယ်တွင် ဇူလိုင်လ ၂၅ရက်နေ့မှ ဩဂုတ် ၇ ရက်နေ့အထိ( ၁၄) ရက်ကြာ မဲစာရင်းကြေညာထားရှိမူများကို ယနေ့နံနက်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များက ကွင်းဆင်းကြည့်ရူ စစ်ဆေးခဲ့သည်။

ကွင်းဆင်းကြည့်ရူစစ်ဆေးရာတွင် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိကြောင်းကို အများပြည်သူသိအောင် အသိပေးနှိုးဆော်ထားမူများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမူ၊ မဲဆန္ဒရှင်များက မိမိအမည်မပါရှိခြင်း၊ အချက်အလက်များ ကွဲလွဲမူရှိပါက၊ ပြင်ဆင်ကန့်ကွက် လိုခြင်းတို့အတွက်ပုံစံ(၃)၊ ပုံစံ(၄)နှင့်   (၄-ဂ)စသည့်ဖြင့် ပုံစံများပြည့်စုံစွာ ထားရှိမူတို့ကို စစ်ဆေးခဲ့ကြောင်း မြို့နယ်ကော်မရှင် အဖွဲ့ခွဲဝင် ဦးတင်ထွန်း ကပြောသည်။

အဆိုပါ ယုန်သလင်းတိုက်နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း(၂၆၂၅၉၁)ဦးရှိပြီး မဲရုံအရေအတွက်(၂၈၂)ရုံကို ဖွင့်လှစ်ဆောင်ရွက်သွားမည်ကြောင်း ဟင်္သာတမြို့နယ် ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ရုံးမှ သိရသည်။

ကိုဇော်(ဟင်္သာတ)