သတင်းများ

​ဖောင်းပြင်မြို့နယ်တွင် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေး ကျင့်စဉ်သင်တန်းပို့ချ
Aug 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နှင့် ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေး ကျင့်စဉ် သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် အဆိုပါဌာ၌ ဖွင့်လှစ်ခဲ့ ကြောင်းသိရသည်။
မအူပင်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Aug 11,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲဆိုင်ရာ တွေ့ဆုံညှိနိုင်းမှုအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ကလေးမြို့နယ်၊ ကံပုလဲကျေးရွာအုပ်စု နှောညောင်ပင်ကျေးရွာတွင် ဧရာမင်းမျိုးသန့်စပါး (RS -CS)မျိုး အဆင့်စိုက်ပျိုး
Aug 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကံပုလဲကျေးရွာအုပ်စု၊ နှောညောင်ပင်ကျေးရွာတွင် ဧရာမင်း မျိုးသန့်စပါး (RS-CS) မျိုးအဆင့် စိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းက တောင်သူဦးညွန့်လွင်၏ လယ်မြေအတွင်းတွင် စိုက်ပျိုးခဲ့ကြသည်။
ဒီပဲယင်းမြို့နယ် ကြခတ်ကျေးရွာ အဆင့်မြင့်လယ်ယာမြေတွင် မိုးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
Aug 11,2020
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် ကြခတ်ကျေးရွာ အဆင့်မြင့်လယ်ယာမြေတွင် တောင်သူ ဦးမြင့်သောင်း ထွန်းလယ်မြေ (၅) ဧက မိုးစပါး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကြည့်မြင်တိုင်မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 11,2020
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက်ပိုင်းက သာဓုပရိ ယတ္တိစာသင်တိုက်၊ အောင်သုခဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ သည်။
တံတားဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ရသည့် တိရိစ္ဆာန်များအတွက် အစာနုများထောက်ပံ့ပေးအပ်
Aug 11,2020
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ရသည့် တိရစ္ဆာန် များအတွက် အစာနုထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၁) နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအတွင်းရှိ အများပြည်သူဝန်ဆောင်မှုရုံး (OSS)တွင် ကျင်းပသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် တိုင်းဒေသကြီးဘတ်ဂျတ်ဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်
Aug 11,2020
ရန်ကုန်တိုင်းဒေသကြီ၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၁၉-၂၀၂၀ တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့် ကွန်ကရစ်လမ်းခင်းရာ နေရာသို့ ယမန့်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ကွင်းဆင်း ကြည့်ရှု့ခဲ့ကြောင်း သိရသည်။