သတင်းများ

ရွှေကူမြို့နယ်၌ Cash For Work စီမံကိန်းဖြင့် ကျေးရွာ ၁၀ ရွာတွင် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်
Aug 11,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ Cash For Work စီမံကိန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာတွင် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးရွာများရှိ အိမ်ထောင်စုများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
မြင်းခြံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ၁၄၉၆ ဦးရှိ
Aug 11,2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူ ၁၄၉၆ ဦးရှိကြောင်း သိရှိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သူ (၁၅၂၉)ရှိပြီး ဂုဏ်ထူးရရှိသူ(၃၁၈)ဦးရှိ
Aug 11,2020
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မှ (၁၅၂၉)ဦး အောင်မြင်ပြီး ဂုဏ်ထူးရရှိသူ(၃၁၈)ဦးရှိကြောင်း သိရသည်။ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ၅ ဘာသာဂုဏ်ထူးရှင် (၈)ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင် (၁၄)ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် (၃၂)ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် (၇၀)ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် (၁၉၄)ဦး အပါအဝင် အောင်မြင်သူပေါင်း ၁၅၂၉ ဦး ရှိရာ ရာခိုင်နှုန်းအားဖြင့်၂၄.၇၃% အောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးရုံး ထုတ်ပြန်ချက်အရ သိရသည်။
နမ့်စန်မြို့တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနား ကျင်းပ
Aug 11,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် Access to Health ရန်ပုံငွေဖြင့် မာရီစတုပ်(ခ်) မြန်မာ (MARIE STOPES MYANMAR) နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သော အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၉နာရီက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အမာမြို့၌ အသက်(၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေး
Aug 11,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များရှိ အသက်(၅)နှစ်အောက် ကလေးများအားဗီတာမင်အေနှင့် သံချဆေး တိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်တွင် စတင်ဆောင်ရွက်ခဲ့သည်။
အင်းစိန်မြို့နယ်၊ စဉ့်ငူရပ်ကွက်အတွင်း ကလေးများအား ဘီတာမင်ဆေးများတိုက်ကျွေး
Aug 11,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ စဉ့်ငူရပ်ကွက်၊ (၅)ခန်းတွဲ ဓမ္မာရုံ၌ ဘီတာမင်(အေ) တိုက်ကျွေး ခြင်း၊ ဝမ်းလျှောဝမ်းပျက်ကာကွယ်ဆေး တိုက်ကျွေးခြင်းတို့ကို ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိခင်နှင့်ကလေး အဖွဲ့ဝင်များက ယနေ့ နံနက်(၉)နာရီအချိန်က တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဆောင်ရွက်မည့် ကျေးရွာ (၁၆) ရွာအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် များ ဦးဆောင်၍ ရန်ပုံငွေများ ထုတ်ချေးပေးလျက်ရှိ
Aug 11,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဆောင်ရွက်မည့် ကျေးရွာ(၁၆)ရွာအား၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ ဦးဆောင်၍ မိမိတို့သက်ဆိုင်ရာနယ်မြေအလိုက် ကွင်းဆင်းထုတ်ချေး ပေးလျက်ရှိရာ၊ ယမန်နေ့ နံနက်ပိုင်းက စည်ပင်ကျေးရွာနှင့် မွန်းလွဲပိုင်းတွင် ကြက်ပြစ်ကျေးရွာတို့၌ ထုတ်ချေးပေး ခဲ့ကြောင်းသိရသည်။
၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲ အမှတ်အများဆုံး (၁၀)ဦးတွင် မိုးညှင်းမြို့နယ်မှ (၂)ဦးအထိ ပါဝင်ပြီး အောင်ချက် ၃၂ ဒသမ ၇၆ ရာခိုင်နှုန်းရှိ
Aug 11,2020
၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာရ ဩဂုတ်လ ၉ ရက်နေ့ နံနက် ၁၂နာရီခွဲတွင် အွန်လိုင်းစနစ်ဖြင့် ထုတ်ပြန်ကြေညာခဲ့ရာ ဝိဇ္ဇာဘာသာတွဲ အမှတ်အများဆုံး (၁၀)ဦးစာရင်းတွင် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်မှ ကျောင်းသူ (၂)ဦးပါဝင်ခဲ့ပြီး တစ်မြို့နယ်လုံး အောင်ချက် ၃၂ ဒသမ ၇၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။