သတင်းများ

ပုံပါကျင်မြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရာ၌ မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ကွင်းဆင်းဆောင်ရွက်
Aug 10,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲကျင်းပရာ၌ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ်လ ၉ရက်နေ့ နံနက်ပိုင်းက နားကောင်းမူးကျေးရွာနယ်မြေခံတပ်ရင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများ ကျိုက်လတ်စာစစ်ဌာနများ၌ ထုတ်ပြန်ကြေညာ
Aug 10,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၇)ခုတွင် ယနေ့နံနက် ၉ နာရီကစ၍ ၂၀၂၀ ပြည့်နှစ် မတ်လ၌ ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ထုတ်ပြန် ကြေညာထားသည်။
မကွေးတိုင်းဒေသကြီးဆင်ပေါင်ဝဲမြို့၌မဲဆန္ဒရှင်စာရင်းများကြေညာထားမှုအားကျေးရွာများသို့ကွင်းဆင်းစစ်ဆေး
Aug 10,2020
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ဆင်ပေါင်ဝဲမြို့တွင် ၂၀၂၀-ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေး ကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာထားခြင်းကို ယနေ့ နံနက်(၁၁) နာရီက ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့သည်။
မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုရေးလုပ်ငန်းများအတွက် ဒုတိယအကြိမ် ငွေထုတ်ပေး
Aug 10,2020
မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒုတိယအကြိမ်အဖြစ် လုပ်ငန်းဆောင်ရွက်သည့် ရပ်ကွက်ကျေးရွာများအတွက် ယနေ့ နံနက် ၉ နာရီခွဲ တွင် ငွေများ ထုတ်ပေးသည်။
နမ္မတူမြို့နယ် (IDP) စခန်း(၃)ခုရှိ တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၁၂၉)စုအတွက် အခြေခံ စားသောက် ကုန် ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ထောက်ပံ့ပေးအပ်
Aug 10,2020
နမ္မတူမြို့နယ် (IDP) စခန်း (၃)ခုရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၂၉)စုအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာန ရုံးမှ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ထောက်ပံ့ပေးအပ်ခြင်းကိုယနေ့ နံနက် (၁၀)နာရီခွဲအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ မြို့လယ် ဓမ္မာရုံ၌ ဆောက်ရွက် ခဲ့ပါသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်အမည်စာရင်းမှန်ကန်ရေးစိစစ်ဆောင်ရွက်
Aug 10,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်တွင် ကျေးရွာပေါင်း (၉၇) ရွာ၊ ရပ်ကွက် (၅) ရပ်ကွက် မဲရုံပေါင်း (၁၀၅) ရုံရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ယခင်နှစ်ထက် အောင်ချက်တိုးလာပြီး အမှတ် အများ ဆုံး(ဝိဇ္ဇာဘာသာတွဲ) Top Ten စာရင်းဝင် ကျောင်းသားတစ်ဦးပေါ်ထွက်
Aug 10,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်တွင် ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင် စာရင်းများကို ယမန်နေ့ နံနက်ပိုင်းက Online မှထုတ်ပြန်ကြေညာခဲ့ရာ ယခင်နှစ်ထက် အောင်ချက်ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တစ်နိုင်ငံလုံး အမှတ် အများ ဆုံး(ဝိဇ္ဇာဘာသာတွဲ) Top Ten စာရင်းဝင် ကျောင်းသားတစ်ဦး ပေါ်ထွက်လာခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများ၏မဲပေးခွင့် မဆုံးရှုံး၊ မကျန်ရှိစေရေးအတွက် တစ်အိမ်တက်ဆင်းလိုက်လံ စစ်ဆေးခြင်းများ ဆောင်ရွက်
Aug 10,2020
ရန်ကုန်တိုင်း​ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထား ကြေညာရာသို့ ပြည်သူများ လာရောက်ကြည့်ရှုနိုင်ရန်နှင့် ပြည်သူများ၏မဲပေးခွင့် မဆုံးရှုံး၊ မကျန်ရှိစေရေးအတွက် တစ်အိမ်တက်ဆင်းလိုက်လံ စစ်ဆေးခြင်းကို ယမန်​နေ့ နံနက်ပိုင်းကစ၍ (င)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။