သတင်းများ

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ (၂၁၂၈) ဦးအောင်မြင် (၅) ဘာသာဂုဏ်ထူးရှင် (၂)ဦး အပါအဝင် ဂုဏ်ထူးရရှိသူ (၂၀၃)ဦးရှိ၊ အောင်ချက်ရာခိုင်နှုန်း (၄၀ .၁၃%) ဖြစ်
Aug 11,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အထက်တန်းကျောင်း (၉) ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁၂)ကျောင်းရှိပြီး၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်စာမေးပွဲ ဖြေဆိုသူ ကျား (၇၆၂)ဦး၊ မ (၁၃၆၆)ဦး၊ စုစုပေါင်း (၂၁၂၈) ဦး ဖြေဆိုခဲ့ရာ ကျား (၂၉၈)ဦး၊ မ (၅၅၆) ဦး၊ စုစုပေါင်း (၈၅၄) ဦး အောင်မြင်ခဲ့ပါသည်။
ဟိုပင်၌ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အ.ထ.က ဟိုပင်စာစစ်ဌာနမှ ဝိဇ္ဇာဘာသာတွဲဖြင့် ပြည်နယ်အဆင့် ပထမနှင့် ဗဟိုအဆင့် Top 5 ရရှိ
Aug 11,2020
ကချင်ပြည်နယ်၊ မိုညှင်းခရိုင်၊ ဟိုပင်မြို့၌ ၂၀၂၀−ပြည့်နှစ်တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို သြဂုတ် ၉ ရက်နေ့ နံနက်က အွန်လိုင်းစနစ်ဖြင့် ထုတ်ပြန်ခဲ့ပြီး သြဂုတ် ၁၀ ရက်နေ့တွင် စာစစ်ဌာနများဖြစ်သော အ.ထ.က ၁၊ အ.ထ.က မြသီတာ ကျောင်းများ၌ အောင်စာရင်းများ ထုတ်ပြန်ခဲ့ရာ
ကွန်ဟိန်းမြို့၌ ရေအားလျှပ်စစ်ပိုင် မြေနေရာအဖြစ် သိမ်းဆည်းထားရှိသည့် မြေအား မူလပိုင်ရှင်များသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ
Aug 11,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ ဝမ်ပန်ကျေးရွာရှိ မြေ(၅)ဧက ခန့်အား ၁၉၉၁ ခုနှစ်တွင် မြို့နယ်ရေအားလျှပ်စစ်ပိုင်မြေနေရာအဖြစ် သိမ်းဆည်းထားရှိသည့် မြေအား မူလပိုင်ရှင်များသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားအား ဩဂုတ်လ ၁၁ ရက်၊ နံနက်(၉:၃၀)အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးမောက်၌ ပြည်သူ့ကျန်းမာရေးကြီးကြပ်အဆင့်(၂) မွမ်းမံသင်တန်း ဆင်းပွဲကျင်းပ
Aug 11,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် Mobile Tablet အသုံးပြု၍ ပြည်သူ့ကျန်းမာရေးကြီးကြပ်အဆင့် (၂) အား မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီ၌ ပြည်သူ့ဆေးရုံသင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပြင်စလူမြို့၌ အသက်(၅)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် သံချဆေး တိုက်ကျွေး
Aug 11,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ပြင်စလူမြို့ပေါ် ရပ်ကွက်(၃) ရပ်ကွက်ရှိ အသက်(၅)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် သံချဆေး တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ စတင်တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်အောင်ဆောင်ရွက်
Aug 11,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်၊ရေမြောင်းများအတွင်း အမှိုက် များပိတ်ဆို့မှု မရှိစေရန်နှင့် ခြင်များ ပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ခြင်း ကို ယမန်နေ့ နံနက်(၈) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
မိုင်းဆတ်မြို့၌ ခွေးရူးရောဂါ ကာကွယ်တားဆီးရေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Aug 11,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ခွေးရူးရောဂါ ကာကွယ်တားဆီးရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်(၇)နာရီ က မြို့မယာယီပျံကျဈေးတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့တွင် ဝါတွင်းကာလဆွမ်းလောင်းပွဲများကို ကိုဗစ်-၁၉ ဆိုင်ရာကန့်သတ်ချက်များကြောင့် စုပေါင်းလောင်းလှူခြင်းမပြုဘဲ ဆွမ်းပေါင်းလောင်းလှူခြင်းသာ ဆောင်ရွက်
Aug 11,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတာင်းမြို့နယ်တွင် ဝါတွင်းကာလ ဓမ္မာရုံဆွမ်းလောင်းပွဲများကို ဥပုသ်သီတင်းပတ်တိုင်း စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်လျက် ရှိသော်လည်း၊ ယခုနှစ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာကန့်သတ်ချက်များကြောင့် လူစုလူဝေးဖြင့်ဆောင်ရွက်ခြင်းမပြုဘဲ မြို့နယ်သံဃနာယက ဆရာတော်ကြီး များ၏ ဩဝါဒဖြင့် ဆွမ်းပေါင်းပွဲများအဖြစ်သာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။