မိတ္ထီလာ ဖေဖော်ဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးသတ်ဦးစီးမှူး ဦးကျော်ဆန်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့သည်။ ၎င်းနောက် မိတ္ထီလာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းနှင့် ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းနှင့် တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးများ အသုံးပြု၍ လက်တွေ့ မီးငြှိမ်းသတ်ခြင်း၊ မီးလောင်မှုအား ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြိမ်းသတ်ခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် မိတ္ထီလာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းနှင့် တာဝန်ရှိသူများ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းနှင့်တပ်ဖွဲ့ဝင်များက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင်ထားရှိသည့် မီးသတ်ဆေးဘူးများ ကောင်းမွန်မှု ရှိ/မရှိ လှည့်လည်စစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းနှင့် တပ်ဖွဲ့ဝင်များက မိတ္ထီလာမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇင်ဝိုင်းနှင့်ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းနှင့် တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးများ အသုံးပြု၍လက်တွေ့ မီးငြှိမ်းသတ်ခြင်း၊ မီးလောင်မှုအား ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြှိမ်းသတ်ခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်ထားရှိသည့် မီးသတ်ဆေးဘူးများ ကောင်းမွန်မှု ရှိ/မရှိ လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)