ချီဖွေ သြဂုတ် ၂၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ၂၀၂၀ ပြည့်နှစ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၆)နာရီတွင် မြို့နယ်စည်ပင်သာယာရေး စျေးအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၀ ပြည့်နှစ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်ခြင်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ သူနာပြုအဆင့်(၁) ဒေါ်ဝင်းမာလေးနှင့် မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ သားဖွားဆရာမများ၊ HBA(Healthy Basket activity)တာဝန်ခံ ဦးကျော်မော်ကွန်းနှင့် ဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်စည်ပင်သာယာရေးစျေးအတွင်း စျေးရောင်း၊စျေးဝယ် ဒေသခံမိဘပြည်သူများအား စျေးဝယ်သည့် အမူအကျင့်၊ အာဟာရနှင့် ပတ်သက်သည့် ကျန်းမာရေး ဗဟုသုတ မေးခွန်းများ၊ အာဟာရမျှတစွာ ချက်ပြုတ်နည်းစသည့် ကျန်းမာရေး ဗဟုသုတမေးခွန်းများ မေးမြန်းဆွေးနွေးကာ စျေးရောင်း၊ စျေးဝယ် ပါဝင်ဖြေဆိုသူ (၃၈)ဦးအား အာဟာရ ဖြည့်စွက်စာအဖြစ်(ကြည်ဥ၊ Iodine(အိုင်အိုဒင်းဆား)နှင့် T- shirt တစ်ထည်၊ အိုင်အိုဒင်း အာဟာရနှင့် ကျန်းမာရေး အသိပညာပေး၊ အာဟာရပြည့်လျှင် ရောဂါစင် ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာ အသိပညာပေး၊ (၆)လအထက်ကလေးကို မည်ကဲ့သို့ အစာကျွေးမည်နည်း စသည့် ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များ၊ အဝတ် (mask)များ အခမဲ့ဖြန့် ဝေပေးခဲ့ကြောင်းသိရသည်။
ဇင်မာဝင်း(ပြန်/ဆက်)