မော်လမြိုင်မြို့၌ (၁၀)မြို့နယ်ဆောင်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်သူများကို ကျန်းမာရေးစစ်ဆေး

    မော်လမြိုင်  ဩဂုတ် ၂၉

မွန်ပြည်နယ် မော်လမြိုင်(၁၀)မြို့့နယ်ဆောင်ရှိ Community Based Facility Quarantine (CBFQ) ၀င်ရောက်နေသူများ ထဲမှ(၁၄၅)ဦး ကိုကျန်းမာရေးဆေးစစ်မှု များ ယမန်နေ့ နေ့လယ် ကပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွတ်ရာတွင် CBFQ ကွပ်ကဲရေးစခန်းတာ၀န်ရှိသူများ ကျန်းမာရေး၀န်ထမ်းများ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဘိုဘို၀င်း Rescue အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့များကူညီ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

Quarantine ၀င်ရောက်လာသူများကို ရက်သတ္တတစ်ပတ်အတွင်း အပူချိန်စစ်ဆေးခြင်း အာခေါင်တို့ဖတ် နှာခေါင်းတို့ဖတ် နမူနာယူခြင်းများ ပြုလုပ်၍ ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ဓါတ်ခွဲဌာန(PHL Mawlamyine)သို့ပေးပို့၍ ရောဂါပိုးရှိ/မရှိ တစ်ကြိမ် စစ်ဆေးပေးသွားမည်ဖြစ်ပြီး ရောဂါပိုးမရှိပါက သက်ဆိုင်ရာ မြိုနယ်များ သို့ လွဲပြောင်းပေးပြီး မြို့နယ်များမှ(၂၁) ရက်ကန့်သတ်စောင့်ကြည့်မှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။                                                   

 ပြည်နယ်(ပြန်/ဆက်)