မိုင်းယောင်းရှိ  မြို့မဘောလုံးကွင်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှု လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မိုင်းယောင်း   ဇွန်   ၂

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်၌ မြို့မဘောလုံးကွင်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူနှင့် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးကြောင်း သိရ သည်။

ယင်းသို့ ကွင်းဆင်းစစ်ဆေးရာတွင် တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသော မြို့မဘောလုံးကွင်း အုတ်တံတိုင်းကာရံထားရှိမှု၊ ဘောလုံးအားကစား ချစ်မြတ်နိုးသူများအဖွဲ့ မှ ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေသော ဘောလုံးကွင်းပြင် ညီညာပြန့်ပြူးရေးအတွက် စက်ယန္တရားဖြင့် မြေညှိနေမှု စသည့် မြို့မဘောလုံးကွင်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှု လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ၊ စီမံကိန်းဦးစီးရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းဆေးယျ၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့်သိန်း၊ မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးထက်ဝေတင့် ဦးစီးအရာရှိ(မြို့ပြ)၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်ဦးစီးမှူး ဦးနီစိုးကျော်၊ စည်ပင်သာယာရေး ဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးစိုင်းဟိန်းလွှမ်းမိုးနှင့် တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ရှိသူများ နှင့်အတူ ကွင်းဆင်းစစ်ဆေးသည်။

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)