သတင်းများ

ကိုရိုနာ ဗိုင်းရပ်စ် ရောဂါကာကွယ်ရေး ကျန်းမာရေး အသိပညာပေး
Feb 01,2020
ပြည်သူများအကြား ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ ရောဂါကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများ ကျန်းမာရေး အသိပညာပေးနှင့် (2019 Novel Coronavirus 2019-nCov) ဗီနိုင်း ပိုစတာ ဆိုင်းဘုတ် စိုက်ထူခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့် Mask များအခမဲ့ ဖြန်ဝေခြင်းတို့ကို ယနေ့ နံနက် ၈ နာရီခွဲက ရမည်းသင်မြို့ ရန်ကုန်−မန္တလေးကားလမ်းဘေး နာရီစင်အနီး လူစည်ကားသည့်နေရာတွင် ကျင်းပပြုလုပ်သည်။
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား ရိုးရာခြင်းလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Feb 01,2020
တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား (၃)ခရိုင် ရိုးရာခြင်းလုံးပြိုင်ပွဲကို အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်ရိုးရာ ခြင်းလုံး အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြိတ်မြို့တွင် ကျင်းပလျက်ရှိရာ ဗိုလ်လုပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ပြီး မြိတ်ခရိုင်အသင်းနှင့် ထားဝယ်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဗိုလ်လုပွဲတွင် မြိတ်ခရိုင်အသင်းမှ အနိုင်ရရှိခဲ့သည်။
သရက်မြို့၌ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုရ ကျောင်းသား/ကျောင်းသူများ ဆုချီးမြှင့်ပွဲကျင်းပ
Feb 01,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်(၂) နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင် ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့ရာ ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူများနှင့် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
မန္တလေးမြို့တွင် “ဖက်ဒရယ်စနစ် ဘဏ္ဍာရေးအစီအမံအခြေခံမူများ” ဆိုင်ရာ အကြံပြု ဆွေးနွေးပွဲ ကျင်းပ
Feb 01,2020
“ဖက်ဒရယ်စနစ် ဘဏ္ဍာရေးအစီအမံအခြေခံမူများ’’ ဆိုင်ရာ အကြံပြုဆွေးနွေးပွဲကို မန္တလေးမြို့၊ ၃၂လမ်းနှင့် ၃၃လမ်းကြား၊ ၆၇လမ်းနှင့် ၆၈လမ်းကြားရှိ ဆာကူရာဟိုတယ်တွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပ ပြုလုပ်သည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံသို့ တင်သွင်းသော ပဲဈေးကွက်နှင့် ရောင်းအားများ ကျဆင်းနေ
Feb 01,2020
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံသို့ တင်သွင်းသော ပဲဈေးကွက်နှင့် ရောင်းအားများ ကျဆင်းနေကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ရုံး (သင်္ဃန်းကျွန်း) တွင် ဗွီဒီယိုသတင်းရိုက်ကူး တည်းဖြတ်ပေးပို့နည်း ဆင့်ပွားပို့ချ
Feb 01,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး(သင်္ဃန်းကျွန်း)တွင် ဗွီဒီယိုသတင်းရိုက်ကူးတည်းဖြတ် ပေးပို့နည်း ဆင့်ပွားပို့ချမှုအား ယမန်နေ့ နံနက်(၁၀)နာရီအချိန်မှ စတင်ကာ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လူထု အခြေပြုဗဟိုဌာန (Community Centre) တွင် ပြုလုပ်ခဲ့သည်။
မင်းလှမြို့၌ အသက်မွေး၀မ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်း ဖွင့်လှစ်
Feb 01,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်း ဖွင့်ပွဲ ကို ယနေ့နံနက်(၉) နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)၏ စာဖတ်ဝိုင်းမြို့သစ်တွင်ကျင်းပ
Feb 01,2020
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ ဆောင်းပါးရှင် မောင်သောင်းဝင်း (တမန်ဟောင်း)၏ “ ပြည်ထောင်စုနေ့ဆိုသည်မှာ ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်း ကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။