ဝါးခယ်မ ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယနေ့နံနက် ၉နာရီက ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ပြသထားကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲတွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ထွက်ရှိမှု ဖြစ်စဉ်များ၊ မူးယစ်ဆေးဝါးသယ်ဆောင်ပုံနှင့် ထားရှိပုံများ၊ လူငယ်လူရွယ်များ အလွဲသုံးရာမှ စွဲစေတတ်သည့်ဆေးဝါးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်ပွားနိုင်သည့် ဆိုးကျိုးများ၊ ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သည့် ကဗျာ၊ ဆောင်းပါးနှင့် ကာတွန်းများကို ပြသထားပြီး ကျောင်းသူ/ကျောင်းသားများနှင့် ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
စောသန္တာဦး(ပြန်/ဆက်)