မိုးကောင်း ဇွန် ၂၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးသင်တန်းကို ယနေ့နေ့လယ် (၁၀)နာရီခွဲတွင် သပြေပင်ပရဟိတဂေဟာ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာစည်သူကအမှာစကားပြောကြားပြီး မိုးညှင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်အောင်က သင်တန်းနှင့်ပတ်သက်၍ ပြောကြားသည်။
ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးသင်တန်းသို့ မိုးကောင်းမြို့ သပြေပင် ပရဟိတဂေဟာ ကြီးကြပ်မှုကော်မတီဝင်များနှင့် ရပ်မိရပ်ဖများ၊ ပရဟိတဂေဟာမှ ကျောင်းသားများတက်ရောက်သည်။
သင်တန်းတွင် ဒုတိယညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက ၂၀၁၉ ခုနှစ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေတွင်ပါဝင်သည့် သင်တန်းကျောင်း၊ ပရဟိတဂေဟာ တည်ထောင ်ဖွင့်လှစ်ခြင်းအခန်းကဏ္ဍ၊ ကလေးသူငယ်၏အခွင့်အရေးများ၊ ကျင့်ဝတ်စည်းကမ်းများ၊ မိဘအုပ်ထိန်းသူနှင့်ဆရာ/မတို့၏ တာဝန်နှင့်ဝတ္တရားများ၊ ကလေးသူငယ် မွေးဖွားခြင်း၊ အကြမ်းဖက်မှုနှင့် အကာအကွယ်စောင့်ရှောက်ခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များကို သင်တန်း ပို့ချခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)