ကျိုင်းလပ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်ဝေ

ကျိုင်းလပ်    ဇွန်    ၂၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ နယ်စပ်ဒေသ ကျိုင်းလပ်မြို့၌ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး‌အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ဝန်ထမ်းများက ယနေ့ နေ့လည်ပိုင်းက အမှတ် (၂)ရပ်ကွက်၊ အထက (ဝမ်နတ်)ကျောင်း၌ ဖြန့်ဝေခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ထုတ်ဝေသည့် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်တွင် လူငယ်တို့သည် စူးစမ်းလိုသောကြောင့်လည်းကောင်း၊ အပေါင်းအသင်း ကြောင့်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မူးယစ်ဆေးကို စမ်းသပ်သုံးစွဲရာမှ ဆေးစွဲ၍ မူးယစ်ဆေးသုံးစွဲနေရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါး ပြဿနာနှင့် အန္တရာယ်များကို ဖြေရှင်းနည်းနှင့် ရှောင်ကြဉ်ဖွယ်နည်းလမ်းများ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးစွဲသူ ဖေးမကူရန် နည်းလမ်းများနှင့် မူးယစ်ဆန့်ကျင် ကဗျာ၊ ဆောင်ပုဒ် များ၊ ကာတွန်းများထည့်သွင်း အသိပညာပေးထားကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)