ဘန့်ဘွေးကုန်း ရေလှောင်တမံကြိုးဝိုင်းအတွင်း ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

 

ရန်ကုန် ဇွန် ၂၅

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် သစ်တောဦးစီးဌာနနှင့် ထူးကုမ္ပဏီများအုပ်စုတို့ ပူးပေါင်း၍ ၂၀၂၁ ခုနှစ် မိုးရာသီ သစ်ပင်စုပေါင်းစိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီခွဲအချိန်က ကျောက်တန်းမြို့နယ် ဘန့်ဘွေးကုန်း ရေလှောင်တမံကြိုးဝိုင်းအတွင်း၌ ကျင်းပပြုလုပ်သည်။

မိုးရာသီ သစ်ပင်စုပေါင်းစိုက်ပျိုးပွဲတွင် သန်လျင်မြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းအောင်နှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ထူးကုမ္ပဏီများအုပ်စုမှ တာဝန်ရှိသူများနှင့် ကုမ္ပဏီဝန်ထမ်း စုစုပေါင်းအင်အား ၅၀ ဦးတို့က ပျဉ်းကတိုး ၉၀ ပင်၊ ပိတောက် ၂၇၅ ပင်၊ မဟော်ဂနီ ၄၂၅ ပင်၊ မန်ဂျန်ရှား ၃၃၀ ပင်၊ ပျဉ်းမ ၂၁၀ ပင်၊ ရေတမာ ၅၀ ပင်၊ ကံ့ကော် ၄၀ ပင်နှင့် ဝါး ၈၀ ပင် အပါအဝင် စုစုပေါင်းပျိုးပင် ၁၅၀၀ ပင်တို့အား ဘန့်ဘွေးကုန်း ရေလှောင်တမံကြိုးဝိုင်းအတွင်း စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။