ရေဦး ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ အစီအစဥ်ဖြင့် ၂၀၂၁ - ၂၀၂၂ ပညာသင် နှစ်၀န်ထမ်းသားသမီးများအား စာရေးကိရိယာနှင့် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲ အခမ်း အနားကို ယနေ့ နေ့လည် ၁ နာရီက ရွှေနဒီဦးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းက အဖွင့်အမှာ စကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှုး ဦးကျော်မင်းခိုင်၊ မိသားစုစည်းရုံး ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်မျိုးမျိုး ထိုက်၊ ဒုဥက္ကဋ္ဌ ဒေါက်တာသဇင်ခိုင်၊ ဒုတိယ ဦးနေစိုးတို့က အခြေခံပညာမူလတန်း၊ အလယ် တန်း၊ အထက်တန်းအသီးသီးတွင် တက်ရောက်ပညာ သင်ယူလျက်ရှိသော ကျောင်းသား ကျောင်းသူ ဦးရေ ၃၁ ဦးအားစာ ရေးကိရိယာများ၊ ထီး၊ ဗလာစာအုပ်နှင့် ထောက်ပံ့ငွေများ ကိုလည်းကောင်း၊ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင် သူကျောင်းသားများအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ ကြကြောင်းသိရသည်။
သန်းထိုက် ( ရေဦး )