သတင်းများ

လက်ပံတန်းမြို့နယ်တွင် မျိုးစေ့ထုတ်မျိုးစပါး (၄)မျိုး ယှဉ်ပြိုင်ကွက်များ စိုက်ပျိုးထား
Jul 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဂွေးတောက်ကွင်းကျေးရွာ တောင်သူဦးတင်ဝင်း၏ ကွင်းအမှတ် (၁၁၅၈)တွင် မျိုးစေ့ထုတ်မျိုးစပါး (၄)မျိုး ယှဉ်ပြိုင်ကွက်များကို ယမန်နေ့မှစ၍ စတင်စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။
အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ (၃၄)ဦး ကို Swab ယူ စစ်ဆေးရာ (၁၆)ဦး ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိ
Jul 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူများကို Swab ယူ စစ်ဆေးရာ (၁၆)ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များပြားလာသဖြင် မြို့မစျေးကြီးအား ၂ ပတ်တိတိ ယာယီပိတ်သိမ်းသွားမည်
Jul 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များပြားလာသဖြင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင် သာယာဝတီမြို့မစျေးနှင့် သုံးဆယ်မြို့မစျေးတို့တွင် ရောင်းချနေသော စျေးသူစျေးသားများ၊ ပျံကျစျေးများအား ဇူလိုင်လ ၁၇ ရက်နေ့မှ ၃၀ ရက်နေ့ထိ နှစ်ပတ်ကြာ ယာယီပိတ်သိမ်းသွားမည်ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယမန်နေ့က သတင်း ထုတ်ပြန်ထားသည်။
ပဲခူးမြို့သို့ Oxygen Plant စက်သစ်ကြီး ရောက်ရှိ
Jul 15,2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ဦးဆောင်စီစဉ်မှုဖြင့် ယနေ့ နံနက် ၉နာရီက ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ UK Made, ကျပ်သိန်း(၃၅၀၀)တန် Oxygen Plant စက်သစ်ကြီး ရောက်ရှိ လာပြီဖြစ်ပြီး (၂)ရက်အတွင်းအပြီး တပ်ဆင်သွားမည်ဖြစ်ကာ မကြာမီရက်ပိုင်းအတွင်း Oxygen များ ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်သည်။
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် အောင်မြင့်မိုရ် ကိုဗစ်ကုသရေးစင်တာ မကြာမီဖွင့်လှစ်မည်
Jul 15,2021
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အောင်မြင့်မိုရ် ကိုဗစ်ကုသရေးစင်တာ မကြာမီဖွင့်လှစ်ရေး တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်၌ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး မင်္ဂလာခန်းမတွင် ပြုလုပ်ခဲ့သည်။
ကမမောင်းမြို့၌ ကိုဗစ် - ၁၉အတည်ပြုလူနာ( ၇) ဦးတွင် ကျန်းမာရေးဝန်ထမ်း ( ၂) ဦးပါဝင်
Jul 15,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်ကိုဗစ် - ၁၉ ရောဂါအတည်ပြုလူနာ ကျား ( ၃) ဦး၊မ ( ၄) ဦး၊စုစုပေါင်း ( ၇) ဦးရှိကြောင်းသိရသည်။
မိုင်းပန်မြို့နယ် ပြည်သူ့ဆေးရုံတွင် Community Based Facility Quarantine ဝင်ရောက်နေသူ (၁၁) ဦး အား RDT Test Kit ဖြင့် ဒုတိယအကြိမ်ထပ်မံစ်ဆေး
Jul 15,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ယနေ့နံနက်ပိုင်း က ပြည်သူ့ဆေးရုံအတွင်းရှိ Community Based Facility Quarantine နေရာတွင်ထားရှိသူ (၁၁) ဦးအနက် (၇) ရက်ပြည့်ပြီးသူ (၁ဝ) ဦးတို့အား ဒုတိယအကြိမ် RDT Test Kit ဖြင့် စစ်ဆေးခဲ့ကြောင်းနှင့် ဆေးရုံတက်ရောက် ဆေးကုသမှုခံယူနေသည့် ဖျားနာနေသူ (၁) ဦးတို့ အား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုး မတွေ့ရှိကြောင်း သိရသည်။
ဝါးခယ်မမြို့၌ ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ခံရသူ(၈)ဦးထပ်မံတွေ့ရှိ
Jul 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်ခံသူ (၈)ဦးထပ်မံ တွေ့ ရှိခဲ့ ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ဇူလိုင်လ ၁၄ ရက်နေ့ ညနေ သတင်းထုတ်ပြန်ချက် အရသိရသည်။