သတင်းများ

ပင်းတယမြို့၌ ပန်းထိန်မနိုင် (ပန်းထိန်ငို) ပန်းများ လှိုင်လှိုင်ထွက်ရှိ
Jul 15,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ပန်းထိန်မနိုင် (ပန်းထိန်ငို) ပန်းများ စီးပွားဖြစ်စိုက်ပျိုးကြပြီး ယခုအချိန်တွင် ပန်းထိန်ငိုပန်းများ လှိုင်လှိုင်ထွက်ရှိလျက် ရှိသည်။
မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၂၄ ဦး တွေ့ရှိ
Jul 15,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ယမန်နေ့ ည ၉ နာရီ အချိန်တွင် မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးမကောင်းသဖြင့် လာရောက်ဆေးကုသသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ အတည်ပြုလူနာ ၂၄ ဦး တွေ့ရှိ ခဲ့ကြောင်း သိရသည်။
ချီဖွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ(၇)ဦးတွေ့ရှိ
Jul 15,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ဇူလိုင်(၁၄)ရက်နေ့မှစတင်၍ မြို့အဝင် ကျန်းမာရေး စစ်ဆေးဂိတ်တွင် RDT Test Kit စစ်ဆေးချက်ဖြင့် စတင်စစ်ဆေးခဲ့ရာ ယင်းနေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီ ကျော်အထိ ကိုဗစ်-၁၉ရောဂါ Positive လူနာ(၇)ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ပြည်သူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေး
Jul 15,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန် အချက်များအား ပိုမိုသိရှိစေရန် ရည်ရွယ်၍ Mask များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်မှစ၍ တနိုင်းမြို့မရဲစခန်းရှေ့၊ မိုင်းခွန်သွား လမ်းထောင့်တို့တွင် အခမဲ့ဖြန့်ဝေ ခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ ထားရှိသည့် အဆောင်များသို့ ကြက်ဥပြုတ်နှင့် ရေသန့်ဘူးများ လှူဒါန်းပေးအပ်
Jul 15,2021
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ ထားရှိသည့် Quarantine Centre များသို့ ဇူလိုင်(၁၄)ရက် ညနေ(၃)နာရီခွဲက ဗန်းမော် ဆန်ကုန်သည်ကြီးများအသင်းမှ လှူဒါန်းသော ကြက်ဥပြုတ်နှင့် ရေသန့်ဘူးများကို တာဝန်ရှိသူများနှင့် ပရဟိတအဖွဲ့တို့က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် မိုးကြိုကြဲနှမ်းများအောင်မြင်ဖြစ်ထွန်း နှုတ်သိမ်းရောင်းချချိန်ဈေး နှုန်းကောင်းရရှိရန်မျှော်လင့်
Jul 15,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် မေလအတွင်းမိုးစတင်ရွာသွန်းမှုနှင့်အတူ မိုးကြိုကြဲနှမ်းများအောင်မြင်ဖြစ်ထွန်းနေခြင်းကြောင့် နှမ်းများနှုတ်သိမ်းရောင်းချချိန် ‌ဈေး နှုန်း ကောင်းရရှိရန် မျှော်လင့်နေကြကြောင်း နှမ်းစိုက်တောင်သူများထံကသိရသည်။
ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Jul 15,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ယနေ့နံနက်(၁၀)နာရီက နိုင်ငံဝန်ထမ်းများအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ကောင်းမွန်သော အုပ်ချုပ်မှု၊ ဒီမိုကရေစီစံနှုန်းများနှင့် ပြည့်စုံရန်၊ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် လိုအပ်သည့်ပညာအရည်အချင်း၊ ကျွမ်းကျင်မှု အရည်အချင်းများနှင့် ပြည့်စုံရန်အတွက် နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ စာအုပ်အား စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင် ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက စာဖတ်ဝို်ငးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံ့ဝန်ထမ်းများ ကျင့်ဝတ် ဆိုင်ရာ စံတန်ဖိုးများစာအုပ်မှ နိုင်ငံ့ဝန်ထမ်းများ ထားရှိရမည့် စံတန်ဖိုးသတ်မှတ်ချက်များ၊ ပြည်သူဗဟိုပြု နိုင်ငံ့ ဝန်ထမ်းများ ဖြစ်လာစေရန် ကတိကဝတ်ပြုခြင်း အကြောင်းများ ဖတ်ကြား ဆွေးနွေးခဲ့သည်။