သတင်းများ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကုသရေးအတွက် ယနေ့အခြေအနေထိ အောက်ဆီဂျင် လုံလောက်မှုရှိနေ
Jul 23,2021
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကိုဗစ်-၁၉ ရောဂါကုသရေးအတွက် ယနေ့အခြေအနေထိ အောက်ဆီဂျင် လုံလောက်မှုရှိနေကြောင်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၃) ဦးသန်းထွန်းက ပြောသည်။
မြဝတီနယ်စပ်မှတစ်ဆင့် ဝယ်ယူတင်သွင်းသည့် အောက်ဆီဂျင်အရည် တန်၂၀ သယ်ဆောင် လာသည့် မော်တော်ယာဉ် သင်္ဃန်းကျွန်းဆေးရုံကြီးသို့ရောက်ရှိ
Jul 23,2021
မြဝတီနယ်စပ်မှတစ်ဆင့် ဝယ်ယူတင်သွင်းသည့် အောက်ဆီဂျင်အရည် တန်၂၀ သယ်ဆောင် လာသည့် မော်တော်ယာဉ်သည် ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းဆေးရုံကြီးသို့ ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက ရောက်ရှိသည်။
ထားဝယ်မြို့၌၁၃၈၃ခုနှစ်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့်ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ
Jul 23,2021
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသော ၁၃၈၃ခုနှစ်ဝါဆို သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃နာရီက ထားဝယ်မြို့၊ လောကမာရဇိန် ဘုရားကြီးဓမ္မာရုံ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ
Jul 23,2021
 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၀နာရီအချိန်ခန့်က ထေရဝါဒဗုဒ္ဓ သာသနာပြု (ဗဟို)ကျောင်းတိုက်၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့သည်။
မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်များအား Mask နှင့် Hand Gel များထောက်ပံ့
Jul 23,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့ပေါ်ရပ်ကွက်များ၌ ပြည်သူများမှ ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ် ခုနှစ်ခုအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီမှ ယနေ့ Mask နှင့် Hand Gel များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
နေပြည်တော်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 23,2021
နေပြည်တော်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၃)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မူဆယ်ခရိုင်ဆေးရုံတွင်အသုံးပြုရန် အရေးပေါ်အောက်စီဂျင်ဗူးနှင့်ဆက်စပ်ပစ္စည်းများလှူဒါန်း
Jul 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ကူးစက်လူနာ တိုးပွား လာပါသဖြင့်အရေးပေါ်လိုအပ်လျက်ရှိသော အောက်စီဂျင်ဗူးများနှင့် ကာကွယ်ရေးပစ္စည်း၊ ဆေးဝါးများကို စေတနာရှင် လုပ်ငန်းရှင်များကလည်းအဆက်မပျက် လာရောက်လှူဒါန်းလျက် ရှိကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန်   စီစဉ်ဆောင်ရွက်ရှိ
Jul 23,2021
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူ နေသည့် လူနာများအတွက် လိုအပ်သော အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရေးနှင့် လုံလောက်စွာ ရရှိနိုင်ရေး အတွက် အောက်ဆီဂျင်ထုတ်စက်ရုံတစ်ရုံ တည်ဆောက်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။