သတင်းများ

ကဝမြို့၌ ကိုဗစ် -၁၉ကူးစက်ပျံ့ပွားမှု လျော့နည်းကျဆင်းရေးအတွက် မြို့အဝင်ဂိတ်များ၌ ကြပ်မတ်စစ်ဆေးမှုများ ဆောင်ရွက်
Jul 23,2021
ပဲခူးတိုင်းဒေသကြီး ၊ ကဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ကဝမြို့၏ မြောက်ဘက် (ကဝ-ထုံးကြီး) ပဲခူးမြစ်ကူးတံတားအနီး မြို့အဝင်ဂိတ်တွင် ကိုဗစ်- ၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်ရေးအနေဖြင့် မြို့နယ်ပြင်ပထွက်ခွာသူများနှင့် မြို့တွင်းဝင် ရောက်လာသူများအား ကြပ်မက်စစ်ဆေးမှု တစ်ရပ်ကို ယမန် နေ့ နံနက်(၈:၀၀)နာရီမှ (၁၆: ၀၀) နာရီအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ
Jul 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို မနေ့က နံနက် ၁၀နာရီ အချိန်ခန့်က ထေရဝါဒဗုဒ္ဓ သာသနာ ပြု(ဗဟို)ကျောင်းတိုက်၌ ကိုဗစ်-၁၉ကြိုတင်ကာကွယ်ရေ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ သည်။
ပုဗ္ဗာရုံဓမ္မရိပ်သာကျောင်းတိုက် ဆရာတော်ဦးဝိသုဒ္ဓ (နိုင်ငံတော်ကမ္မဌာနာစရိယ)မှ Quarantine Center များသို့ ထမင်းဗူးများ လှူဒါန်း
Jul 23,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ပေါ်ရှိ Quarantine Center များသို့ ရောက်ရှိနေကြသူများအား ‌ပေါက်ခေါင်းမြို့ အမှတ်(၁)ရပ်ကွက်၊ ပုဗ္ဗာရုံဓမ္မရိပ်သာကျောင်း တိုက် ဆရာတော်ဦးဝိသုဒ္ဓ (နိုင်ငံတော် ကမ္မဌာနာစရိယ)မှ Quarantine Center၊ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ၍ ဆေးရုံတက်ရောက်ကုသနေဆဲလူနာများ၊ Volenteerများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာဝန်နှင့်သူနာပြုများ၊ ဆေးရုံဝန်ထမ်းများအတွက် ထမင်းဗူး (၃၄၀)ဗူးကို ယမန်နေ့ ညစာအဖြစ် ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျိုင်းလပ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာရန်အသိပေးနှိုးဆော်ချက် များကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်
Jul 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ကျန်းမာရေးအသိဖြင့် ပူးပေါင်းပါဝင်စေရန် အသိပညာ ပေး ဆော်ဩခြင်းကို ယ‌နေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နောင်တရား၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး မြန်မာ၊ ပအိုဝ်းနှစ်ဘာသာဖြင့် အသိပညာပေး ဆောင်ရွက်
Jul 23,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးမြန်မာ၊ ပအိုဝ်းနှစ်ဘာသာဖြင့် အသိပညာပေးလုပ်ငန်းကို ယနေ့ နံနက်ပိုင်းတွင် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆေးရုံများသို့ ဖြန့်ဝေလှူဒါန်းရန် အလှူရှင်များက ထိုင်းနိုင်ငံမှ ဝယ်ယူလှူဒါန်းသည့် အောက်ဆီဂျင်အိုးများ ထားဝယ်မြို့၊ အာယုဒါန အောက်ဆီဂျင်ထုတ်စက်ရုံတွင် ထားရှိ
Jul 23,2021
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံနှင့်တပ်မတော်ဆေးရုံများ၌ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများအား ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် အောက်ဆီဂျင်အိုး လိုအပ်ချက်များကို တဖက်တလမ်းမှ အထောက်အကူပြုနိုင်ရန်အတွက် အလှူရှင်များက ဝယ်ယူလှူဒါန်းသည့်  အောက်ဆီဂျင်အိုးများသည် ထိုင်းနိုင်ငံ၊ ထီးခီးနယ်စပ်မှတစ်ဆင့်  ထားဝယ်မြို့၊ အာယုဒါနအောက်ဆီဂျင်ထုတ်စက်ရုံသို့ ရောက်ရှိကာ အဆိုပါစက်ရုံတွင် ထားရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်ဇေယျထံမှ သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကညင်တန်း သားငါးဈေးအတွင်း ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်
Jul 23,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ယမန်နေ့ နေ့လယ် ၂ နာရီက  ကညင်တန်း သားငါးဈေးအတွင်း ပိုးသတ်ဆေးဖျန်းခြင်းများအား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဟားခါးမြို့တွင်  ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု  မရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို  အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော် 
Jul 23,2021
ချင်းပြည်နယ်၊  ဟားခါးမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့မွန်းလွဲ ၂ နာရီခွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်ဉီးစီးဌာနတို့ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များအတွင်းသို့  အသံချဲ့စက်ဖြင့် လှည့်လည်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများ လိုက်လံအသိပေးနိုး‌ဆော်ခဲ့ကြောင်း သိရသည်။