သတင်းများ

မိုင်းဆတ်မြို့၌ အောက်ဆီဂျင်ထုတ်စက်ဝယ်ယူနိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်း
Jul 26,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အောက်ဆီဂျင်ထုတ်စက် ဝယ်ယူနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်းလျက်ရှိကြောင်းသိရသည်။
ကျွန်းလှ၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်‌ရးအသိပေး‌နှိုးဆော်
Jul 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေး အတွက်မြိုနယ်ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းပြီး ယမန်နေ့ညနေ(၆)နာရီက မြို့‌ပေါ်ရပ်ကွက်များ အတွင်းလှည့်လည်ပြီးအသိပေးနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သုံးခွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အောက်ဆီဂျင်များဖြန့်ဝေပေး
Jul 26,2021
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ မိုးကုတ်ဓမ္မရိပ်သာ (ကိုဗစ်-၁၉ကုသ ရေးစင်တာ)ရှေ့တွင် ယမန်နေ့နံနက် ၁၀ နာရီခွဲ အချိန်က အောက်ဆီဂျင်အိုးများ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရသည်။
နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင်မှ ကုတင်(၃၀၀) အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး
Jul 26,2021
နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၉နာရီအချိန်က ပုဗ္ဗသီရိမြို့နယ် ကုတင်(၃၀၀) ပြည်သူ့ဆေးရုံအတွင်းရှိ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။
ချောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးဆောင်ရွက်ထားရှိမှု အစီအစဉ်များနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံမေးမြန်း
Jul 26,2021
မြန်မာနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉  ရောဂါ တတိယလှိုင်းကြောင့်   ရောဂါဖြစ်ပွားမှု    မြင့်မားလာသည် နှင့်အမျှ    ရောဂါကာကွယ်ထိန်းချုပ်ကုသရေး   လုပ်ငန်းများကို    သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး၌ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊  မကွေးခရိုင်၊ ချောက်မြို့နယ်တွင်လည်း ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများကို  အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
ရွှေတောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အသံချဲ့စက်ဖြင့် နေ့စဉ်လှည့်လည် အသိပေးကြေညာ
Jul 26,2021
ပဲခူးတိုင်း​ဒေသကြီး၊ ​ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက်‌ နေ့လယ်(၁၂) နာရီအချိန်က ​မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်‌ထွေအုပ်၊ တပ်မ‌တော်၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပြန်/ဆက် ဦးစီးဌာနတို့ ပူးပေါင်း၍ ရွှေတောင်မြို့ပေါ်ရှိ ရပ်ကွက်များနှင့်‌ ကျေးရွာအုပ်စုများသို့ အသံချဲ့စက်ဖြင့်‌နေ့စဉ်လိုက်လံအသိပေးကြေညာခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း အောက်ဆီဂျင် လိုအပ်ချက်များတွင် အသုံးပြုရန် မိုင်းလား နယ်စပ်မှ အောက်ဆီဂျင်အိုး အလုံး ၁၀၀ ကျိုင်းတုံမြို့သို့ ရောက်ရှိ
Jul 26,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များတွင် အသုံးပြုရန် မိုင်းလားနယ်စပ်မှ အောက်ဆီဂျင် ၄၀ လီတာအိုး အလုံး (၁၀၀) သယ်ဆောင်လာသည့် မော်တော်ယာဉ်သည် ကျိုင်းတုံမြို့သို့ ဇူလိုင် ၂၅ ရက်ကရောက်ရှိခဲ့ရာ ပြည်နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အေးသိန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းနှင့် တာဝန်ရှိသူများက ကြိုဆိုလက်ခံရယူ ကြကြောင်းသိရသည်။
မိုးညိုမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံအဆောက်အဦ စတင်ဆောက်လုပ်လျက်ရှိ
Jul 26,2021
မြို့နယ်အတွင်း ကိုဗစ်ရောဂါဖြစ်ပွားပြီး အသက်ရှူဝေဒနာခံစားနေရသူများ အောက်ဆီဂျင် လုံလောက်စွာ ရရှိပြီးဆေးကုသမှုခံယူနိုင်ရေးအတွက် အရေးပေါ်လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံအား ပဲခူး တိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ရွှေပြည်သာ ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ ခြံမြေတွင် အဆောက်အဦစတင် ဆောက်လုပ် လျက်ရှိကြောင်း သိရသည်။