မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ မှာယူထားသည့် အောက်ဆီဂျင်အိုးများ ပထမအကြိမ် စတင်ရောက်ရှိ
Jul 26,2021
ကိုဗစ်-၁၉ရောဂါကူးစက်မှုမြင့်မားနေသည့် ကာလအတွင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ အောက်စီဂျင်လုံလောက်စွာရရှိစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ မကွေးမြို့၊ အဝေးပြေး ကုန်တင်ကုန်ချယာဉ်ရပ်နားစခန်းတွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက် လျက်ရှိပြီး အဆိုပါအောက်ဆီဂျင်စက်ရုံအတွက် (၄၀)လီတာဆံ့အောက်ဆီဂျင်အိုး အလုံး (၁၀၀၀)မှာယူ ထားရာ ဇူလိုင်လ ၂၅ ရက်နေ့ ညနေပိုင်းက(၄၀) လီတာဆံ့ အောက်ဆီဂျင်အိုးအလုံး (၂၀၀) ပထမအကြိမ် စတင်ရောက်ရှိခဲ့ကြောင်း သိရသည်။