သတင်းများ

တိုက်ကြီးမြို့နယ်တွင် အောက်ဆီဂျင်များ အခမဲ့ဖြန့်ဝေ
Jul 26,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်အောက်ဆီဂျင်ထောက်ပံ့ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဝေဒနာရှင်များ အောက်ဆီဂျင်များ လုံလောက်စွာရရှိရေးအတွက် အောက်ဆီဂျင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှင့် ကာကွယ်ကုသရေး ဆောင်ရွက်ပေးနေမှု အခြေအနေများ ကျောက်ဆည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရဲဝင်းနိုင်နှင့် တွေ့ဆုံမေးမြန်း
Jul 26,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြည်သူ့ဆေးရုံကြီးနှင့် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများမှ ကိုဗစ်-၁၉ ရောဂါ သံသယရှိသူများ၊ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့မှုရှိသူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးခြင်း၊ ရောဂါပိုးတွေ့ရှိသူများအား ရောဂါပြန့်ပွားမှု မရှိစေရေး စနစ်တကျ ဆေးကုသမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေများ၊ ကာကွယ်ရန်နည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ပြည်သူများ သိရှိစေရန် ယမန်နေ့ ညနေ၅နာရီက ကျောက်ဆည်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဒုတိယခရိုင် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရဲဝင်းနိုင်နှင့်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ(၅၆)ဦး ဆေးရုံဆင်းခွင့်ရရှိ
Jul 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်တွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ အမျိုးသား(၂၆)ဦး၊ အမျိုးသမီး(၃၀)ဦး၊ စုစုပေါင်း(၅၆)ဦး တို့မှာ ရောဂါလက္ခဏာများ သက်သာပျောက်ကင်းပြီဖြစ်၍  ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
လယ်ဝေးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ကုသရေးလုပ်ငန်းများဆောင်ရွက်မှု အခြေအနေနှင့် ပတ်သက်၍ ဆေးရုံအုပ်ဒေါက်တာနန္ဒာကျော်အား သွားရောက် တွေ့ဆုံမေးမြန်း
Jul 26,2021
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ (၇၉၅)ဦးရှိပြီး ယခုလက်ရှိလယ်ဝေးမြို့ ခုတင် ၁၀၀ဆေးရုံတွင် (၄၄)ဦး၊ အားကစားလေ့ကျင့်ရေးစခန်း(၂) တွင် (၂၅၅)ဦး ဆေးကုသမှုခံယူလျှက်ရှိပါသည်။
ဂွမြို့တွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌက မြို့ပေါ်ရှိလူမှုရေးအသင်းအဖွဲ့များအား PPEဝတ်စုံ၊ မျက်မှန်များနှင့် အားဖြည့်အချိုရည်များ ထောက်ပံ့လှူဒါန်း
Jul 26,2021
ရခိုင်ပြည်နယ်၊ ဂွမြို့တွင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇာနည်ကျော် ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့ပေါ်ရပ်ကွက်များရှိ လူမှုရေးအသင်းအဖွဲ့များအား PPEဝတ်စုံများနှင့် အားဖြည့်အချိုရည်များကို ယနေ့ညနေပိုင်းတွင် အဆိုပါ လူမှုရေးအသင်းအဖွဲ့သို့ သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အသက်(၆၀)နှစ်နှင့်အထက်ရှိသူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးစုရပ်များ၌စတင်ထိုးနှံ
Jul 26,2021
ချမ်းမြသာစည်မြို့နယ် အတွင်းအသက်(၆၀)နှစ်နှင့်အထက်ရှိသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယမန်နေ့ နံနက်(၉)နာရီခွဲမှ စ၍ စုရပ်များ(၄)နေရာခွဲ၍ ထိုးနှံပေးခဲ့သည်။
မေတ္တာမြို့ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မေတ္တာ-ထားဝယ် လမ်းပိုင်းအတွင်းရှိ လမ်းများရေကြီးရေလျှံမှုနှင့် ပျက်စီးမှုရှိမရှိကွင်းဆင်းစစ်ဆေး
Jul 26,2021
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊မေတ္တာမြို့တွင်မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် ထားဝယ်-မေတ္တာလမ်းပိုင်းအတွင်းရှိ လမ်းများရေကြီးရေလျှံမှုနှင့် ပျက်စီးမှုရှိ/မရှိ ယမန်နေ့နံနက်၁၀နာရီအချိန်ကကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ပေါက်ခေါင်းမြို့တွင် ဆီမီးလော့ဒေါင်းဆောင်ရွက်ထားချိန် အပြင်ထွက်သွားလာသူများရှိ/မရှိ စစ်ဆေးဆောင်ရွက်
Jul 26,2021
ပေါက်ခေါင်းမြို့တွင် ဇူလိုင်လ ၁၇ရက်နေ့မှ ဩဂုတ်လ၁ ရက်နေ့အထိ နေ့လည် ၁၂နာရီမှ နောက်တစ်နေ့နံနက် ၄နာရီအချိန်ထိ အသွားအလာကန့်သတ်ထားပြီး မွန်းလွဲ ၁၂ နာရီအချိန်နောက်ပိုင်း သွားလာခြင်းမပြုရန် စိစစ်ကြပ်မတ်ထားရာ ယမန်နေ့ မွန်းလွဲ ၂နာရီက အပြင်ထွက်သွားလာသူများအား တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။