ကိုဗစ်-၁၉ လူနာများကုသရာတွင် အသုံးပြုရန် ငွေကျပ်သိန်းပေါင်း ၂၂၀၀ တန်ဖိုးရှိ အောက်ဆီဂျင် စက်သစ်အား ပေးအပ်လှူဒါန်း
Jul 26,2021
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ အမှတ်(၃)တပ်မတော်ဆေးရုံ ကုတင်(၁၀၀) အင်းတိုင် ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ လူနာများကုသရာတွင် အသုံးပြုရန် အောက်ဆီဂျင်စက်သစ်အား ပေးအပ်လှူဒါန်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် တာဝန်ရှိသူများ သွားရောက်ခဲ့ကြောင်းသိရသည်။