သတင်းများ

မုဒုံမြို့နယ်တွင် ကမာဝက်မြို့ ကမာအုပ်ကျေးရွာရှိ ဆွမ်းဆန်နှင့်ဝေယျာဝစ္စခက်ခဲသော ပရိယတ္တိစာသင်တိုက်သို့ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း
Jul 26,2021
မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ ကမာအုပ်ကျေးရွာရှိ ဆွမ်းဆန်နှင့်ကျောင်း ဝေယျာဝစ္စခက်ခဲသော မဟာဝိသုဒ္ဒါရုံ ရွှေကျင်ကျောင်းသစ်သို့ ယမန်နေ့ ညနေ ၄နာရီက မုဒုံမြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်၊   မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ နှင့်    မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ခင်သီတာလင်းတို့က  လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများကို ဆက်ကပ် လှူဒါန်းကြောင်း သိရသည်။
ဝါဆိုသင်္ကန်းဆက်ကပ်ပူဇော်ပွဲအခမ်းအနားကို ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်‌‌တော် ကြီး၌ ကျင်းပ
Jul 26,2021
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှုကျင်းပသည့် ဝါဆိုသင်္ကန်းဆက်ကပ် ပူဇော်ပွဲ အခမ်းအနားကို ဇူလိုင် ၂၆ ရက် နံနက် ၁၀နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မ ဗိမာန်‌‌တော်ကြီး၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဝင် (၁) ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် ကောင်စီအဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်း
Jul 26,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆက်စပ်ပစ္စည်းများအား မြို့နယ်ကြက်ခြေနီ အသင်းသို့ ယမန်နေ့က လာရောက်လှူဒါန်း ရာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းအောင်မိုးမှ လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
လပွတ္တာမြို့နယ် ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေးနှိုဆော်ခြင်းများ ဆက်လက်ဆောင်ရွက်
Jul 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ ခရိုင် ၊ လပွတ္တာမြို့နယ်အတွင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး နှိုးဆော်ချက်များ လိုက်လံ ကြေညာ နိုးဆော်ခြင်းကိုနေ့စဉ်ဆောက်ရွက် လျှက်ရှိရာ ယနေ့နံနက် (၈ ) နာရီအချိန်က မြို့နယ်ရပ်ကွက်များအတွင်းလိုက်လံအသိပညာပေးဆောင်ရွက် လျက်ရှိသည်။
မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ်တွင် Oxygen plant စက်ရုံတည်ဆောက်ရေးလုပ်ငန်းတွင် အသုံးပြုနိုင်ရန် အလှူရှင်များမှ အလှူငွေများလှူဒါန်း
Jul 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက်(၁၉)ရပ်ကွက်ရှိပြီး လူဦးရေအများဆုံးနေထိုင်သည့် ရွှေပေါက်ကံမြို့ သစ်ရပ်ကွက်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကြောင့် အောက်ဆီဂျင် လုံလောက်မှုမရှိဘဲ အသက်အန္တရာယ် ဆုံရှုံးမှုမရှိစေရန် Oxygen plant စက်ရုံ တည်ဆောက်ရေးလုပ်ငန်းအတွက် အလှူရှင်များက ယနေ့ နံနက်ပိုင်းက အလှူငွေများကို ရွှေပေါက်ကံ မြို့သစ်အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့နယ်၌အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးအတွက်မြေ နေရာအား မြေသန့်မင်္ဂလာ အခမ်းအနားပြုလုပ်
Jul 26,2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ မြိုနယ် ကိုဗစ် ၁၉ရောဂါကာကွယ် တိုက်ဖျက်ရေး အထောက် အကူပြုနှင့် Oxygen Plant ဖြစ်မြောက်ရေး ကော်မတီမှOxygen Plant ဆောက်လုပ် မည့် မြေနေရာဖြစ်သော လောကထိပ်ပန ဘုရားကြီးအောက်တွင် မြေသန့်မင်္ဂလာပြုလုပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီကပြုလုပ်ခဲ့သည်။ အခမ်းအနား တွင်မြို့နယ် သံဃာနာယ က ဥက္ကဋ္ဌမနော်သီရိဆရာတော်နှင့် ဆရာတော် သံဃာတော်အရှင်သူမြတ် (၁၈)ပါးတို့က အန္တရာယ်ကင်း ပရိတ်တရား တော်များကို ရွတ်ဖတ်ခဲ့ကြသည်။
တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့်စည်းကမ်းချက်များ အသံချက်ဖြင့်အသိပေးနှိုးဆော်
Jul 26,2021
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရေးနှင့် ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ကုသရေးနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုနှင့်အတူ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ကိူဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ယနေ့ နံနက်(၁၀)နာရီက အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိူးဆော်ကြောင်းသိရသည်။
ကျေးသီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ
Jul 26,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လွိုင်လင်ခရိုင်၊ကျေးသီးမြို့နယ်၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေ ပါးစပ်နှင့်နှာခေါင်းစည်း ( Mask ) တပ် ဆင်စေရေး အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီခန့်က မြို့မစည်ပင်သာယာစျေးရှေ့လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။