သတင်းများ

ကသာမြို့ပေါ်ရှိ ရပ်ကွက်များမှ အသက်(၆၅)နှစ်အထက်ရှိသည့်ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Aug 03,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ပေါ်ရှိ ရပ်ကွက်များမှ အသက်(၆၅)နှစ်အထက်ရှိသည့် ဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ဩဂုတ်လ(၃) ရက်နေ့၊ နံနက်(၈)နာရီအချိန်မှစ၍ ကသာမြို့ရှိ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း နှင့် မြို့တော်ခန်းမနေရာများ၌ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးနှင့် မင်းလှမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များတွေ့ဆုံ
Aug 03,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်  လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် မင်းလှမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များအား တွေ့ဆုံပွဲ အခမ်းအနားကို  ယမန်နေ့ ညနေ  ၅  နာရီခွဲ  က မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်း အဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ကယားပြည်နယ်၏ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနှင့် ကုသပေးမှုအခြေအနေ
Aug 03,2021
ကယားပြည်နယ်အတွင်းရှိမြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ဆေးရုံများ၌  ၁-၈-၂၀၂၁ ရက်နေ့အထိ အနံ့ပျောက်၍လာရောက်ပြသသူများနှင့် ၎င်းတို့နှင့်ထိတွေ့ ဆက်ဆပ်သူ(၅၆) ဦးတို့အား    Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ (၂၅) ဦးမှာ Positive ဖြစ်ပါသဖြင့် ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော် ပြည်သူ့ဆေးရုံကြီးတွင် (၂) ဦး ၊  လိုခါးလို အထက Positive Medical Centre တွင် (၂၃) ဦး ထားရှိကုသပေးလျက်ရှိသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေး (၅/၂၀၂၁)ကျင်းပ
Aug 03,2021
တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေး (၅/၂၀၂၁)ကို ယမန်နေ့ ညနေပိုင်းတွင် ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
မင်းဘူးမြို့တွင် ကိုဗစ်စင်တာများနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 03,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မင်းဘူး(စကု)မြို့နယ်အတွင်းရှိ Quarantine Center များနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များနှင့် ပရဟိတအဖွဲ့ဝင်များ အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
မြိတ်မြို့နယ်တွင် သစ်ပင်လှဲကျ၍ လေဘေးသင့်အိမ်ထောင်စု(၁)စုအတွက် ထောက်ပံ့ငွေပေး အပ်
Aug 03,2021
မြိတ်မြို့နယ်၊ အလယ်ကျွန်းရပ်ကွက်၊ ပန်စရာရပ်ရပ်၊ အေးရိပ်သာလမ်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်၏အနောက်ဘက် အမိုးပေါ်သို့ သစ်ပင်ပြို လှဲကာ တစ်စိတ်တပိုင်းပျက်စီးခဲ့သည့် နေအိမ်တစ်လုံး ထိခိုက်ခဲ့ရာ အဆိုပါ အိမ်ထောင်စုအား ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး နှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့် များပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ်တွင် အောင်ဆီဂျင်စက် တည်ဆောက်နိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်း
Aug 03,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို၌ ပိုးတွေ့လူနာများအား ကုသနိုင်ရန်အတွက် ဝေါမြို့နယ် (COVID-19) ထိန်ချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူရှင်များမှ အောင်ဆီဂျင် စက် တည်ဆောက်နိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးတွင် အသုံးပြုရန်အတွက် RDT Test Kit လှူဒါန်း
Aug 03,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသခြင်း လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ အချိန်က ကိုစိုင်းခွန်ဖုန်း-မလေး (Forever)စားသောက်ဆိုင်နှင့် ကိုအောင်‌ရွှေဦး-မမီးမီး(ပစ်တိုင်းထောင်) ဆေးဆိုင်တို့က RDT Test Kit (၉၅)ခု ပေးအပ် လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီးဒေါက်တာ ပြည့်ကိုကိုက လက်ခံရယူခဲ့သည်။