တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေး (၅/၂၀၂၁)ကျင်းပ

ထားဝယ် သြဂုတ် ၃

တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေး (၅/၂၀၂၁)ကို ယမန်နေ့ ညနေပိုင်းတွင် ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုက ကျန်းမာရေးက ထုတ်ပြန်ထားသော ကျန်းမာရေးအသိပညာပေးမှုများကို အကောင်အထည် ဖော် ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ကြောင်း၊ ကာကွယ်ဆေးထိုးကိစ္စရပ်များကို ဂရုစိုက်ကြရန်၊ အသွားအလာဂရုပြုကြရန် အဓိကကျ ကြောင်း၊ ဆေးထိုးပြီး အချိန်လိုက်နာရန်အတွက် ပညာပေးရန်နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရန် လိုကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိနိုင်အကြောင်း ရှင်းလင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ တွဲဖက် အတွင်းရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ချိုက ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိမှုအခြေ အနေများ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေ များနှင့် ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ကော်မတီဝင်များက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးခဲ့ကြပြီး တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ကျော်လတ်