စစ်ကိုင်းတိုင်းဒေသကြီး၀န်ကြီးချုပ် ဦးမြတ်ကျော် ရေဦးမြို့ ကိုဗစ်ကာကွယ်ဆေးထိုး နေမှုကြည့် ရှုအားပေးကျန်းမာရေးသုံးပစ္စည်း၊ ဟင်းသီးဟင်းရွက်မျိုးစေ့၊ အောက်ဆီဂျင်အိုးနှင့် ထောက်ပံ့ ငွေများပေးအပ် မြို့နယ်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

 

ရေဦး  ဩဂုတ် ၇

 

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးမြတ်ကျော်နှင့်အတူ တိုင်း ဒေသကြီးအဆင့် တာ၀န်ရှိသူများလိုက်ပါလျက် ယနေ့ နံနက် ၁၀ နာရီက ရေဦးမျိုးသန့်ခြံ သို့ရောက်ရှိလာရာ  ရေဦးမျိုးသန့်ခြံတာ၀န်ခံ ဦးတင်မောင်၀င်းက စပါးအခြောက်ခံစက်ရုံ တည် ဆောက်ထားရှိမှုနှင့် မျိုးသန့်ထုတ်လုပ်ရေးမိုးစပါးစိုက်ပျိုးထားရှိမှုအခြေများကို  တင်ပြခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့်အဖွဲ့သည် မြို့ပေါ်ရပ်ကွက်ဖြစ်သော အောင်မင်္ဂ လာရပ်ကွက် အားကစားခန်းမနှင့် စိုက်ပျိုးရေးဦးစီးဌာန တောင်သူစုဝေးခန်းမသို့ သွားရောက်၍ အသက် ၆၅ နှစ်အထက် နှင့်ဦးတည်အုပ်စုများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံပေးနေ မှုကိုကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်ပြီး ရေဦးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်းမတွင် မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ ဘော်လန်တီယာများနှင့်တွေ့ဆုံကာ မိတ်ဆက်အမှာစကား ပြောကြား ခဲ့သည်။ ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှုး ဦးမင်းနိုင်ထွန်းက လတ်တလောဖြစ်ပေါ်နေသည့်ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားနေမှု၊ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ကုသပေးနေမှု၊ ကာကွယ်ရေူပစ္စည်းစုဆောင်းထားရှိမှု၊ ကာကွယ်ဆေးထိူနှံပြီးစီးမှု၊ ရောဂါပိုးတွေ့ ရှိမှု၊ သေဆုံးသူ၊ ကျန်းမာရေး၀န်ထမ်းများအခြေအနေ၊ တရားမဝင်သစ်ဖမ်းဆီးရရှိမှု မိုးသီးနှံ၊ ဆီထွက်သီးနှံနှင့် ဒေသ၀မ်းစာဖူလုံရေး စိုက်ပျိုးထားရှိမှု၊အ ခြေခံပညာကျောင်းများ ဖွင့်လှစ်ထားရှိမှု၊ ကျောင်းအပ်နှံထားရှိမှု၊ တက်ရောက်ဆရာ ဆရာမများအခြေအနေ၊ လုံခြုံ‌ ရေးတာ၀န်ချထားမှု၊ အခွန်အရပ်ရပ်စည်းကြပ်ခြင်းလုပ်ငန်းစသည့်  ရေဦးမြို့နယ်၏‌ ဒေသအခြေ အနေများကို ပါဝါပွိုင့်အသုံးပြု၍ရှင်းလင်းတင်ပြခဲ့မှုအ‌ ပေါ်ကျန်းမာရေး ပညာရေး ဆည်ရေပေးဝေနိုင်ရေး အခွန်ကောက်ခံနိုင်ရေးနှင့် နယ်မြေလုံခြုံရေး အားနည်းချက်များကို ဖြည့်ဆည်းဆောင်ရွက်သွားရန်နှင့် လိုအပ်သည့် အခက်အခဲများအတွက် တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့တင်ပြသွားရန်နှင့် ဒေသအခက်အခဲများကို အပြည့်၀ဆုံးပံ့ပိုးပေးသွားမည်ဟု မှာကြားခဲ့ သည်။

ထို့နောက် တိုင်းဒေသကြီး၀န်ကြီးချုပ်က Volunteer များအတွက်ကျန်းမာရေးသုံးပစ္စည်းများ နှင့်အခြေခံစားသောက်ကုန်များ၊ တောင်သူများအတွက် ဟင်းသီးဟင်းရွက်မျိုးစေ့ ထုပ်များမြို့နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီသို့ ရန်ပုံငွေကျပ် ၁၀ သိန်းကိုလည်းကောင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီးဗိုလ်မှူကြီး ဦး၀င်း တင့်စိုးက တပ်ရင်းတပ်ဖွဲ့သို့ ရန်ပုံငွေကျပ် ၅ သိန်းကိုလည်းကောင်း၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ကကျန်းမာရေးပစ္စည်းဆထာက်ပံမှုအနေဖြင့် ၄၀ လီတာဆံ့‌ အောက် ဆီဂျင်အိုး ၅ လုံး၊ နှာခေါင်းစည်း  ၅၂၀၀ ခု၊ Handjel၂၀၀ ဘူး၊ PPE ၀တ်စုံ ၂၀၀ ကိုလည်းကောင်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။