ပခုက္ကူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဧရာဝတီတံတား(ပခုက္ကူ) စစ်ဆေးရေး ဂိတ်တွင်ပိတ်ရက်မရှိ ကြပ်မတ်စစ်ဆေး

 

ပခုက္ကူ ဩဂုတ် ၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဧရာဝတီတံတား (ပခုက္ကူ) စစ်ဆေးရေးဂိတ်ဖွင်လှစ်ပြီး တာဝန်ရှိသူများနှင့်စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ဩဂုတ်လ ၁ရက်နေ့မှစတင်၍ ပိတ်ရက်မရှိ ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။         

ထိုသို့ ကြပ်မတ်စစ်ဆေးရာတွင် အခြားဒေသများမှဝင်ရောက်လာသူများနှင့် မြို့နယ်အတွင်းမှ ထွက်ခွာသွား မည့်သူများ ၏စီးနင်းသော ယာဉ်ကြီး၊ ယာဉ်ငယ်များအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ထောက်ခံ ချက်ပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်ခရီးသည် ပြည်သူအားလုံးကို ပါးစပ်နှင့်နှာ ခေါင်းစည်း(Mask) တပ်ဆင်ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ Oxygen Meter ဖြင့် ကိုယ်အပူချိန်တိုင်း တာစစ်ဆေးခြင်း၊ RTD Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေး ခြင်း၊ ယာဉ်မောင်းသူ၏အမည်၊ ယာဉ်အမှတ်၊နောက်လိုက်ခရီးသည်စာရင်း၊ မှတ်ပုံတင်နံပါတ်၊ ခရီးသွားလာသည့်အကြောင်း အရာ၊ ထွက်ခွာလာသည့် မြို့၊ရပ်ကွက်/ကျေးရွာနှင့်သွားရောက်မည့် မြို့၊ရပ်ကွက်/ကျေးရွာလိပ်စာများအား စာရင်း ရေးသွင်းမှတ်တမ်းထားရှိခြင်းလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေး ကော်မတီဝင်များဖြစ်သည့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်ခိုင်၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နယ်မြေခံတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များနှင့် စေတနာ့၀န်ထမ်းများက ပူးပေါင်းဆောင်ရွက်ကြသိရသည်။

ပခုက္ကူမြို့သည် Stay at home မြို့ဖြစ်၍ အကြောင်းအမျိုးမျိုးကြောင့် ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်၊ အိမ်စီး ကား၊ သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်များဖြင့် ခရီးသွားလာကြသည့်  ခရီးသည်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကြိုတင်ကာ ကွယ်ထိန်းချုပ်နိုင်ရေးအတွက် စနစ်တကျ ကြပ်မတ်စစ်ဆေးပေးခြင်းဖြစ်ကြောင်း၊ ထိုသို့ စစ်ဆေးရာတွင်  ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသည့် ခရီးသည်ရှိလာပါက ရောဂါကူးစက်မှုနှုန်း အမြန်ဆုံးထိန်းချုပ်ရေးအတွက်  ပခုက္ကူမြို့၊အထွေထွေရောဂါကုပြည်သူ့ ဆေးရုံသို့ပို့ဆောင်ပြီး ဆေးကုသ မှုခံယူစေမည်ဖြစ်ကြောင်း၊ ရောဂါသံသယရှိသူများကိုလည်း မြို့ပေါ်နှင့်မြို့နယ်အတွင်း ဖွင့်လှစ်ထားသော Quarantine Center များ၌ ထားရှိရန် စီစဉ်ဆောင်ရွက်ထားကြောင်း၊  မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် မြို့မဈေး၊ ယာယီပျံကျဈေးများနှင့် ပြည်သူအသွားအလာများသည့် လမ်းဆုံ၊လမ်မ ကြီးများတွင် Mask Campaign ပြုလုပ်ခြင်း၊ Stay at home မြို့တွင်အကျုံးဝင်သော ပြည်သူများအနေဖြင့် သတ်မှတ်ထုတ် ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိစစ်ဆေးခြင်းအပြင်  ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါကြိုတင် ကာ ကွယ်တားဆီးရေးဆိုင်ရာ ညွန်ကြားချက်များအား မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ခရိုင်ပြန်ကြား နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့ ဦးဆောင်မှုဖြင့်  အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း ပခုက္ကူ မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးကျော်သူထံက ပြောသည်။ 

ဆလိုင်းကိုကီး