မူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများ အသင်းမှ Quarantine Centre များအတွက် O2အိုး(၅၀)လုံး လှူဒါန်း

မူဆယ် ဩဂုတ် ၉

မူဆယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ လူနာသစ်များ နေ့စဉ်တိုးလာသဖြင့် အောက်စီဂျင်ဘူးများ ပြတ်လပ်မှု မရှိစေရေးအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက မူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများ အသင်းရုံးတွင် 40L Oxygen ဘူး(၅၀)လုံးနှင့် အခြားကုသရေး ဆက်စပ်ပစ္စည်းများကို လှူဒါန်ပေး လျက်ရှိသည်။

လှူဒါန်းခြင်း အခမ်းအနားတွင် မူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးစိုင်းနွံကပေးအပ်ပြီး မူဆယ်ခရိုင် ဆေးရုံအုပ်ကြီး Dr,ဟန်နိုင်စိုးက လက်ခံရယူသည်။

အဆိုပါ‌ လှူဒါန်းခြင်း အစီအစဉ်တွင် မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးဇော်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီးဇေယျာလင်း၊ တာဝန်ရှိသူများနှင့် လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။

အယ်လ်စိုး(မူဆယ်)