ဘောဂလိမြို့တွင်  ကိုဗစ်-၁၉ရောဂါ  ကာကွယ်ထိန်းချုပ်ရေး   အသိပညာပေးနှိုးဆော် 

ဘောဂလိ    ဩဂုတ်    ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင်  ကိုဗစ်-၁၉ရောဂါ  ကူးစက်ပြန့်ပွားမှု  များပြားနေသည်ဖြစ်ရာ   အသိပညာပေးနှိုးဆော်ချက်များကို    ယနေ့နံနက်  (၉)နာရီအချိန်က   အမှတ်(၄)  ရပ်ကွက်တွင်   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   ဝန်ထမ်းများက    ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

ထိုသို့  ဆောင်ရွက်ရာတွင်   မိဘပြည်သူများအနေဖြင့်    အတတ်နိုင်ဆုံး  မိမိအိမ်တွင်သာ  နေထိုင်ရန်၊  နေအိမ်ပြင်ပထွက်ခွာပါက   နှာခေါင်းစည်း  (Mask)  စနစ်တကျတပ်ဆင်ရန်၊  မကြာခနလက်ကို  ဆေးကြောရန်၊  အပြင်မှ ပြန်လာပါက  နှာခေါင်းစည်း  (Mask) ကို စနစ်တကျ  စွန့်ပစ်ရန်နှင့်   မိမိကိုယ်တိုင်  သန့်စင်ဆေးကြောပြီးမှသာ   မိသားစုဝင်များနှင့် ထိတွေ့ရန်၊   ကျန်းမာရေးဝန်ကြီးဌာနမှ   ထုတ်ပြန်ထားသည့်  ညွှန်ကြားချက်များကို   တိကျစွာလိုက်နာကြရန်   အစရှိသည်တို့ကို   Hand  Speaker    ဖြင့် လှည့်လည်  အသိပေးနှိုး ဆော်ကြေညာပေးခဲ့  ကြောင်း  သိရှိရသည်။  

မြို့နယ်