မြောင်မြို့တွင် အောက်စီဂျင်ထုတ်လုပ်သည့်စက်ထားရှိနိုင်ရန်အတွက် အဆောက်အဦအား ကြည့်ရှု

 

မြောင်    ဩဂုတ်  ၉

စစ်ကိုင်းခရိုင်၊ မြောင်မြို့တွင် ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားပြီး အသက်ရှုဝေဒနာ ခံစားနေရ သူများအတွက် အရေးပေါ်လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်စက် ထားရှိရန် အဆောက်အဦ အားကြည့်ရှုမှုကို ယနေ့ နံနက် (၈)နာရီက မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်းတွင် အလှုရှင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက ကြည့်ရှုခဲ့ကြောင်း သိရှိခဲ့ရသည်။

"မြောင်မြို့နယ်အတွင်း အောက်ဆီဂျင် ပြတ်လပ်မှု မရှိစေရေးအတွက် ယခုလို လာရောက် လှူဒါန်းခြင်း ဖြစ်ပါတယ်၊ ကျွန်တော့် မွေးဇာတိမြို့ မဟုတ်ပေသည့် ကျွန်တော့်မြို့/ မြို့နယ်လို့ ခံယူထားပါတယ်။ အောက်ဆီဂျင် စက်တန်ဖိုးက သိန်းခြောက်ရာကျော်ခန့် ရှိပါတယ်" ဟု အလှူရှင်ဖြစ်သူ ဦးတင်ထွန်းအောင်(ဇနီး)ဒေါ်မြတ်မြတ်ဖြိုး(Youth Force Co,ltd)က ပြောကြားခဲ့သည်။

ထို့နောက် အလှူရှင် မိသားစုမှ Mask (၁၉၂)ဘူး PPE ဝတ်စုံ(၂၀)အား မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

မြို့နယ်ပြန်/ဆက်