သတင်းများ

အမာမြို့၌ သဘာဝဘေးဒဏ်သင့် ပြည်သူများအား ကူညီထောက်ပံ့ပေးအပ်
Aug 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာတွင် သြဂုတ်လ ၃ ရက်နေ့မှစ၍ ဖြစ်ပွါးခဲ့သည့် လေပြင်းတိုက်ခတ်ပြီး ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ကြသည့် ဂေါ်ဒူကျေးရွာမှ အိမ်ထောင်စုများအား ယမန်နေ့ မွန်းလွဲ ၂ နာရီက အမာမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဖျာပုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ကူညီမှုများဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
လသာမြို့နယ်ရှိ ရပ်ကွက်များတွင် မဲဆန္ဒရှင်များ၏ အမည်စာရင်းကြေညာထားရှိမှု  တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Aug 06,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား
ကျောက်ဆည်မြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Aug 06,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ရန်ကုန်-မန္တလေး ကားလမ်း ကြက်မင်းတွန်မီးပွိုင့်တွင် ဖြတ်သန်းသွားလာနေသော ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပိုမိုသိရှိနားလည်စေရန် ယနေ့နံနက် ၉ နာရီက ကျောက်ဆည်ခရိုင် အမှတ် (၉၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ကြပ်ကြီး ခင်မောင်စိုး၊ ဒုတပ်ကြပ် အောင်ပိုင်စိုးနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကသာမြို့နယ်တွင် ဝဥလုပ်ငန်းလုပ်ကိုင်သူများ ဝဥဈေးကောင်းရရှိ၍ မိသားစုဝင်ငွေတိုး
Aug 06,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ စေတီကုန်းကျေးရွာတွင် ဝဥလုပ်ငန်းကို မိသားစု စားဝတ်နေရေး အဆင်ပြေရန် တစ်ပိုင်တစ်နိုင်လုပ်ငန်းအဖြစ် လုပ်ကိုင်သူများအနေဖြင့် ယခင်နှစ်ထက် ဝဥဈေးကောင်းရရှိပြီး မိသားစုအတွက် ပုံမှန်ဝင်ငွေရရှိကြောင်း ဝဥလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ
Aug 06,2020
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် M.T MTM NEWPORT သင်္ဘောပေါ်မှ သင်္ဘောသား (၁၅) ဦးနှင့် M.T MTM FAIRFIELD ပင်လယ်ကူးသင်္ဘောပေါ်မှ သင်္ဘောသား (၁၉) ဦး စုစုပေါင်းသင်္ဘောသား (၃၄) ဦး Sign off ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
မိုင်းယုမြို့၌ မိုးစပါးအထွက်တိုးရေး ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်း
Aug 06,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် နယ်စပ်ဒေသ မိုင်းယုမြို့တွင် မိုးစပါးအထွက်တိုးရေးအတွက် ပိုးမွှား ရောဂါကာကွယ်နှိမ်နင်းခြင်းကို ယနေ့ နံနက်ပိုင်းက မိုင်းယုစိုက်ပျိုးရေးဦးစီးဌာန၏ မိုးစပါး မျိုးစေ့ ထုတ်စိုက် ခင်းနှင့် စမ်းသပ်ကွက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ်ရှိ ကျေးရွာများတွင် မဲဆန္ဒရှင်များ၏ အမည်စာရင်းကြေညာထားရှိမှု ကွင်းဆင်းစစ်ဆေး
Aug 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက် တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ယမန်​နေ့ မွန်းလွဲပိုင်းတွင် ကျေးရွာများသို့ သွားရောက်၍ မဲဆန္ဒရှင်များ၏ အမည်စာရင်းကြေညာထားရှိမှုကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
သန်လျင်၌ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းအား Online Booking ရယူပြီးမှသာ ဆောင်ရွက်ရမည်
Aug 06,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (တောင်ပိုင်းခရိုင်) ရုံးတွင် ယာဉ်မောင်းလိုင်စင်