သတင်းများ

မိုးမိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသည့်နေရာများနှင့် ဘာသာရေးကျောင်းများအား ပိုးသတ်ဆေး ဖျန်း
Aug 11,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာဦးစီးဌာန ၊ မြို့နယ်မီး သတ်တပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ သည့်နေရာများနှင့် ဘာသာရေးကျောင်းများအား ပိုးသတ်ဆေးဖျန်းခြင်းကို ယနေ့ နံနက် ၈ နာရီက စတင်၍ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
တီးတိန်၌ အသက်၆၅နှစ်အထက် အဘိုးအဘွားများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံမည့် နေ့ရက်နှင့် စုရပ်များ အသံချဲ့စက်ဖြင့် နှိုးဆော်အသိပေး
Aug 11,2021
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးများ နိုင်ငံတော်မှ ထိုးနှံပေးလျက်ရှိရာ ချင်းပြည်နယ် တီးတိန်မြို့၌ အသက်၆၅နှစ်အထက် သက်ကြီး ဘိုးဘွားများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများ ကာကွယ်ဆေးထိုးမည့် နေ့ရက်နှင့် စုရပ်များအား အများပြည်သူသိရှိနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ် ဦးစီးဌာန တို့က ကမ်းဟောက်လမ်းမအတိုင်း အသံချဲ့စက်ဖြင့် ယမန်နေ့ မွန်းလွဲ ၂ နာရီ၌ အသံချဲ့စက်ဖြင့် နှိုးဆော်အသိပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး လိုက်လံနှိုးဆော်
Aug 11,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ လားရှိုးမြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန် ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်များ၊ လားရှိုး မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်း ချုပ်ကုသရေး​ကော်မတီမှ ထုတ်ပြန်ထားသော အသိပညာပေးကြေငြာချက်များကို ခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်မီးသတ်တို့ပူးပေါင်း၍ ယနေ့ နံနက်(၉)နာရီ အချိန်မှ စ၍ လမ်းဆုံနေရာများတွင် လိုက်လံအသိပေးနှိုးဆော်ခဲ့သည်။
လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသား နေရပ်ပြန် ပြည်သူ(၂၅၅)ဦးအား နွေးထွေးစွာကြိုဆိုလက်ခံ
Aug 11,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာရှိ ဝမ်ပုံဆိပ်ကမ်း၌ လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် အခက်အခဲများနှင့် ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၂၅၅)ဦးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က တာချီလိတ်မြို့နယ်မှ တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုလက်ခံ ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ်ထိ မရောက်ပဲပြန်ကျနေပြီဖြစ်
Aug 11,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေ မှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ မရောက်ရှိပဲ တဖြည်းဖြည်းပြန်ကျနေပြီ ဖြစ်ကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ထံကသိရသည်။
မြစ်ကြီးနားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိရောက်စွာကာကွယ်၊ ထိန်းချုပ်နိုင်ရေး အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်
Aug 11,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ် နိုင်ရေးအတွက် ပြည်နယ်မီးသတ် ဦးစီးဌာနနှင့် ခရိုင်ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မြစ်ကြီးနားမြို့နယ်အတွင်း ယမန်နေ့ မွန်းလွဲ ၂ နာရီက အသံချဲ့စက်ဖြင့် လှည့်လည် အသိပညာပေး နှိုးဆော်ခဲ့ကြသည်။
မင်းဘူးမြို့နယ်၌ အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်
Aug 11,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ လူနာများနှင့် အခြားနာမကျန်း လူနာများ၏ အောက်ဆီဂျင် လိုအပ်ချက် မဖြစ်ပေါ်စေရေးအတွက် မင်းဘူးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက ဦးဆောင်ကြီးကြပ်၍ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း၊ မြို့မိ မြို့ဖများနှင့် ပူးပေါင်း၍ အောက်ဆီဂျင် စက်ရုံစတင် ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
ရွှေကျင်မြို့နယ်တွင် ဧည့်စာရင်းများစစ်ဆေးဆောင်ရွက်
Aug 11,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ကျွဲတဲရပ်ကွက်အတွင်း ယမန်နေ့ ည ၇ နာရီခွဲအချိန်မှစ၍ ဧည့်စာရင်းများကို လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။